" သေးသေးလေးကို မင်း တကယ်ပဲ
ပြုစုပျိူးထောင်မယ်ပေါ့ ငဆက် "ဆူပွက်နေပြီဖြစ်သော ရေနွေးအိုးထဲ
ယူလာသော ခေါက်ဆွဲခြောက်တွေကို
ထည့်နေသော ကောင်းသူက
အလုပ်မပျက်ပဲ ထမင်းစားပွဲမှာ ထိုင်
နေသော ဆက်ဥသြကို မေးလာသည် ။သံယွန်း စကားတွေပြောကာ မြှူနေတာကို
အသံတွေ ခိုးခိုးခစ်ခစ်ထွက်အောင်
သဘောကျရယ်မောနေသော နီတာရဲလေး
ကို အကြည့်ပို့လိုက်မိသည် ။အခုမှ လူ့လောကကြီးထဲ ရောက်လာသော
အပြစ်မဲ့သည့် လူသားလေး ။
မိခင်လည်း ခေါ်စရာ မရှိသလို ဖခင်လား
ဘယ်မှာမှန်းတောင် မသိ ။သနားလွန်းလို့ နီတာရဲလေးကို ဆက်ဥသြ
ဘယ်လိုမှ မကြည့်နိုင်တော့သည်မို့
မျက်နှာလွှဲလိုက်မိသည် ။" ငါ ဆုံးဖြတ်ထားပြီးပြီ ကောင်းသူ
နီတာရဲလေးကို အကောင်းဆုံး ပြုစု
စောင့်ရှောက်ပေးမယ် အတော်ဆုံးလူသား
ဖြစ်အောင် ထိန်းသိမ်းစောင့်ရှောက်ပေးမယ် "ဆက်ဥသြ၏ ရင်ထဲက ခိုင်မာသောဆုံးဖြတ်ချက်
စကားတွေ ။
ဘယ်တော့မှ ပြောင်းလဲသွားမည်မဟုတ် ။နီတာရဲလေးအနားမှာ ဆက်ဥသြက အမြဲ
ရှိနေမှာ ။
ဒါဟာ ဘယ်တော့မှ မပြောင်းလဲတဲ့
အမှန်တရား ။" ငါရော သံယွန်းရော မင်းဘက်မှာပါ
ငဆက် ကလေးလေးကို ငါတို့လည်း
ဘေးကနေ အကောင်းဆုံးပြုစုပျိူးထောင်
ပေးပါ့မယ် "ဆက်ဥသြ ခေါင်းသာငြိမ့်ပြရင်း
သံယွန်းလက်ထဲ အငြိမ်မနေ ယွစိထိုးနေသော
နီတာရဲလေးကို ကြည့်လိုက်မိသည် ။လက်လေးတွေ ခြေလေးတွေ အငြိမ်မနေ
တတ်သေးသော အရွယ် ။
သံယွန်း၏ မျက်နှာကို ခြေထောက်လေး
တွေနှင့် ကန်နေသည် ။
အဲ့ဒါကို သဘောတွေကျနေတာက ငသံယွန်း။ဆက်ဥသြနဲ့ ကောင်းသူကတော့
အပေးအယူတည့်နေသော နှစ်ယောက်သား
ကို ကြည့်ရင်း ရယ်နေရသည် ။" ကဲ တော်တော့ ပေးတော့ နီတာရဲလေး
အိပ်ချိန်ရောက်ပြီ ရယ်ပြီး လှုပ်ယွထားလို့
မျက်လုံးတွေတောင် စဥ်းနေပြီ ကိုယ်တော်
လေးက "
ESTÁS LEYENDO
' ဆက် ' ... ချစ်နေမယ်