𝑱𝒆𝒂𝒍𝒐𝒖𝒔𝒚

705 39 12
                                    

A/N - ဒီ ဇာတ်လမ်းအစမှာ Lou နဲ့ Debbie ကချစ်သူတွေမဖြစ်ကြသေးပါဘူး ။

                      ꧁❤︎꧂

ဒီနေ့က Rose ၏အထူး Special နေ့ဖြစ်သည် ။ သူမ၏ Fashion Design အသစ်တွေကို ပွဲထုတ်ပြီး New Collection အဖြစ် အောင်အောင်မြင်မြင် သတ်မှတ်နိုင်ခဲ့သောကြောင့်ပင် ။ ထို Fashion Design များကြောင့် Rose နာမည်ပိုကြီးသွားသည့်အပြင် အမြတ်အစွန်းများလည်း များစွာရရှိခဲ့သည် ။

သူမ၏ Design အများစုသည် Lou ၏ Suit များကိုကြည့်၍ ပေါ်လာသော အကြံဖြစ်သည် ။ ထို့ကြောင့် Rose က Lou ကိုကျေးဇူးတင်သည့်အနေဖြင့် အမျိုးသမီး (၈) ယောက်လုံးကို Lou ရွေးသည့်ဆိုင်တွင် ညစာလိုက်ကျွေးရန် ပြင်ဆင်ခဲ့သည် ။ Lou က စိတ်ကူးယဉ်ဆန်ပြီး သိပ်ဈေးမကြီးသော အသင့်အတင့်ဆိုင်တစ်ဆိုင်ကိုရွေးလိုက်သည် ။ Lou ကထိုဆိုင်ကို သွားနေကျဖြစ်၍ ရွေးလိုက်သည်ဟုဆိုသည် ။

Lou က ကြိုတင်စာရင်းပေးပြီးသောအခါ (၈) ယောက်လုံးသွားရန်အဆင်သင့်ဖြစ်နေပြီဖြစ်သည် ။ သူတို့အားလုံး ၇ နာရီတွင် စားသောက်ဆိုင်သို့ရောက်လာခဲ့သည် ။ သူတို့နောက်သို့ သတင်းထောက်များ လိုက်မလာအောင်လည်း သေချာသတိထားခဲ့ရသည် ။ Daphne က သတင်းထောက်တွေကို သိစေချင်သော်လည်း ကျန် (၇) ယောက်လုံးက ပြင်းပြင်းထန်ထန်ကန့်ကွက်ခဲ့ကြသည် ။

သူတို့အားလုံး စားသောက်ဆိုင်ထဲသို့ဝင်လာကြသောအခါ ဧည့်ညွှန်ကောင်မလေးက Lou ကိုမှတ်မိသွားပြီး ‌လှိုက်လှိုက်လှဲလှဲပြုံးပြကာ Lou ကုတ်အင်္ကျီကိုယူလိုက်သည် ။ ထို့နောက် ထိုကောင်မလေးအပေါ် Lou ၏အပြုအမူကိုလည်း Debbie သတိထားမိသွားသည် ။ Lou ကထိုဧည့်ညွှန်ကောင်မလေး၏ခါးကိုပင်ဖက်လိုက်သေးသည် ။

* သူဘယ်လိုများလုပ်ရဲရတာလဲ ! *

Debbie အနည်းငယ် မကျေနပ်စွာ တွေးမိသည် ။ Julia ဆိုသည့် ဧည့်ညွှန်ကောင်မလေးက သူတို့ထိုင်ရမည့်စားပွဲကို လိုက်ပြပေးသည် ။ ထိုအချိန်ထိ Julia ဟာ Lou ၏လက်ကို ကိုင်ထားဆဲပင် ။

* သူက အလုပ်လုပ်နေတာလေ ။ အလုပ်ချိန်မှာ ကိုယ့် Customer တစ်ယောက်ကို ဒီလိုပဲဆက်ဆံရလား !? ပြီးတော့ Lou ကရော ဘာလို့သူ့လက်ကို ကိုင်ထားတာလဲ ?*

𝑳𝒐𝒖 & 𝑫𝒆𝒃𝒃𝒊𝒆 ˡᵒᵘᵇᵇⁱᵉ 𝑶𝒏𝒆 𝑺𝒉𝒐𝒕 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏Where stories live. Discover now