အလောင်းအစား

248 30 6
                                    

                        ꧁❤︎꧂

" Lou ရှင် Debbie နမ်းဖို့ကြိုးစားကြည့်ဖူးလား ?"

Lou အခန်းထဲတွင် အင်္ကျီတွေကိုစီနေစဉ် Daphne Kluger ကလှမ်းမေးလိုက်ခြင်းပင် ။ Lou ရုတ်တရက်မော့ကြည့်လိုက်တော့ Daphne , Rose , Constance နှင့် Amita ကတံခါးဝတွင် မတ်တပ်ရပ်နေကြသည် ။

" ဘာရယ် ?"

" ကျွန်မ မေးတာက ရှင် .. "

" ငါ မင်းမေးတာကိုကြားပါတယ် ။ ဒါပေမယ့် မင်းကဒီအကြောင်းကို ဘာလို့သိချင်ရတာလဲ ?"

" ကျွန်မတို့က မိတ်ဆွေတွေဖြစ်သွားကြပြီလေ ဒါကြောင့်မေးကြည့်တာ "

" ဒါက ‌ငါ မဖြစ်မနေဖြေရမယ့်မေးခွန်းလို့ မထင်ဘူး "

Lou မျက်နှာလွှဲကာ လုပ်လက်စအလုပ်ကို ဆက်လုပ်နေလိုက်သည် ။ သို့သော် သူတို့ခပ်တိုးတိုးပြောသည့်အသံကို Lou ကြားဖြစ်အောင် ကြားလိုက်သည် ။

" ငါပြောသားပဲ Tammy ပြောတာ မှန်ပါတယ်လို့ ။ Lou က Debbie ကိုမနမ်းရဲပါဘူး "

Amita ကခပ်တိုးတိုးပြောလိုက်ပေမယ့် Lou သေချာကြားလိုက်သည် ။

" ဘာ ? Tammy ကဘာပြောတာလဲ ?"

Lou ရုတ်တရက် မတ်တပ်ထရပ်လိုက်သည် ။

" ဘာ .. ဘာမှမဟုတ်ပါဘူး "

ထိုသို့ပြောကာ အကုန်လုံး ထိုနေရာမှ မြန်မြန်ထွက်ရန်ပြင်လိုက်ကြသည် ။

" နေပါဦး ။ Tammy ကဘာပြောတာလဲလို့ ?"

" Tammy ကရှင် Debbie ကိုမနမ်းရဲဘူးလို့ပြောတာ "

Constance ကပြောလိုက်သော်လည်း သူ့စကားက မပီပြင်သောကြောင့် Lou သေချာနားမလည်လိုက်ပေ ။

Lou Constance ၏ဂျာကင်အင်္ကျီကိုဆွဲထားလိုက်သည် ။ ထို့နောက် Rose ကိုပါ လှမ်းဆွဲလိုက်သည် ။ သနားစရာ Rose က သူမလက်ကလွတ်အောင် ရုန်းနိုင်အားမရှိပေ ။ ကျန်သည့်လူများက Lou နှင့်ခပ်လှမ်းလှမ်းတွင် ရပ်နေကြသည် ။

" Tammy က‌ဘာပြောလဲဆိုတာ ထပ်ပြော "

Tammy က သူ့အခန်းမှထွက်လာသည် ။ လမ်းတစ်ဝက်တွင် Nine Ball လည်း Tammy နှင့်အတူလိုက်လာသည် ။ သူတို့ခြောက်ယောက်ကိုကြည့်ရတာ အစည်းအဝေးလုပ်မည့်ပုံနှင့်တူနေသည် ။

𝑳𝒐𝒖 & 𝑫𝒆𝒃𝒃𝒊𝒆 ˡᵒᵘᵇᵇⁱᵉ 𝑶𝒏𝒆 𝑺𝒉𝒐𝒕 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏Where stories live. Discover now