𝑩𝒊𝒓𝒕𝒉𝒅𝒂𝒚 𝑮𝒊𝒇𝒕

156 15 0
                                    

                        ꧁❤︎꧂
 

ဒီနေ့က Debbie ရဲ့မွေးနေ့ပွဲ ။ ဒါကြောင့် Debbie အကြိုက်ဆုံးအစားအစာတွေရော အရက်တွေပါ အကုန်ပြည့်စုံအောင် Lou စီစဉ်ထားသည် ။

အားလုံးက ၁၂ နာရီထိုးမည့် အချိန်ကိုစောင့်နေကြသည် ။ အနည်းငယ် မူးနေကြပေမယ့် ပါတီဂိမ်းတွေကိုတော့ ဆော့နိုင်ကြသေးသည် ။

အကုန်လုံးက လက်မောင်းလှဲပြိုင်ကြဖို့ ဆုံးဖြတ်လိုက်ကြသည် ။ Constance နှင့် Nine ၊ Daphne နှင့် Amita ၊ Rose နှင့် Tammy ပြီးတော့ Debbie နှင့် Lou ။ ရှုံးတဲ့သူတွေက နိုင်တဲ့သူသဘောကျတာကို လုပ်ပေးရမည်ဖြစ်သည် ။

" ငါနဲ့ပြိုင်မယ့်သူကိုလဲလို့ရလားဟင် ။ ငါ့မွေးနေ့လေးမှာတော့ ငါနိုင်ချင်တာပေါ့ "

" အိုး မရဘူး ။ ပြိုင်ဘက်လဲလို့မရပါဘူး‌ရှင် "

ဘယ်သူမှ မလဲချင်ကြသည့် အကြောင်းအရင်းမှာ ထိုဩဇီသူကိုပြိုင်ပြီး လက်မောင်းလှဲသူမှန်သမျှ ရှုံးမယ်ဆိုတာ သိပြီသားဖြစ်သောကြောင့်ပင် ။

" လုပ်ပါ နင်တို့ကလည်း ။ ဒါ ငါ့မွေးနေ့လေ "

Debbie က သနားစရာပုံစံလေးဖြင့် ခပ်ညည်းညည်းပြောသည် ။

" ရှုံးဖို့သာပြင်ထားပေတော့ Ocean ရေ "

" နင်ကတကယ်မကောင်းတာပဲ "

" ဟုတ်တယ်လေ ခုမှသိတာလား " ဟုပြောကာ Lou က လူယုတ်မာပြုံးပြုံးနေသည် ။

Constance နှင့် Nine ကအရင်ဆုံး လက်မောင်းလှဲကြသည် ။ နှစ်ယောက်လုံးက အားသန်တဲ့သူတွေမို့ ဒီပွဲက လက်ရည်ညီသည် ။ နောက်ဆုံးတော့ Nine Ball ကအနိုင်ရသွားသည် ။

နောက်တစ်ပွဲက Daphne နှင့် Amita ။ Daphne က ရှုံးတာကိုမကြိုက်ပေမယ့် Amita ကတော့ သူမကို အေးအေးဆေးဆေးလေး အနိုင်ယူသွားနိုင်သည် ။

Rose နှင့် Tammy ရဲ့ပွဲကတော့ မျက်တောင်တစ်ခတ်အတွင်းမှာတင် ပြီးသွားသည် ။ သနားစရာဒီဇိုင်နာလေးခမျာ စက္ကန့်အပိုင်းအတွင်းမှာပင် အရှုံးပေးလိုက်ရလေသည် ။

နောက်ဆုံးပွဲကတော့ Debbie နှင့် Lou ။

" အဆင်သင့်ပဲလား Ocean"

" ငါ နိုင်တော့မှာ "

" ကြည့်ကြသေးတာပေါ့ ။ ပွဲမစခင်မှာ ငါတို့စည်းကမ်းချက်အသစ်လေးတွေထပ်ထည့်မယ် ။ နင်တို့ နေကာမျက်မှန်တပ်ထားရမယ် ။ ပြီးတော့ နှစ်ယောက်လုံး ခြေထောက်ကိုစိထားရမယ် ။ ပြိုင်ဘက်ရှိတဲ့ဘက်ကို ခြေထောက် မဆန့်ရဘူး "

𝑳𝒐𝒖 & 𝑫𝒆𝒃𝒃𝒊𝒆 ˡᵒᵘᵇᵇⁱᵉ 𝑶𝒏𝒆 𝑺𝒉𝒐𝒕 𝑪𝒐𝒍𝒍𝒆𝒄𝒕𝒊𝒐𝒏Where stories live. Discover now