The View (Unicode)

572 47 6
                                    

- တီတီတီတီ Wakey Wakey -

ဝှား.... နှိုးစက်သံနဲ့အတူ နိုးထလာခဲ့တယ်။
မနက်စောစောထနေကြ မဟုတ်တဲ့သူ့အတွက်ကတော့ မျက်လုံးတွေကို မနည်းဖွင့်နေရတယ်။ Oh waitttttttt ဒီနေ့ပဲ။ ဒီနေ့ Hangout Day ပဲ။ ဟိုကောင်တွေတော့ မနိုးလောက်သေးဘူး။ ကျွန်တော်လား? ကျွန်တော်ကတော့ စောစောထရမယ်လေ။ ဒီနေ့ Hill side ဘက်ကို သူငယ်ချင်းတွေနဲ့ Hangout ထွက်တာဆိုပေမယ့် ကျွန်တော့်ရဲ့Date လည်းဖြစ်နေပြန်တယ်။ တစ်ဖက်သတ် Date ဆိုတာလည်း Date ပဲလေ။

ရေမိုးချိုး၊ သွားတိုက်ပြီး အောက်ဆင်းလာတော့ Omma နဲ့ Lucas က ကျောင်သွားဖို့တောင် အသင့်ဖြစ်နေကြပြီ။

"Oh, Chris ဒီနေ့ အစောကြီးနိုးနေတယ်? မဟုတ်သေးပါဘူး။ မအိပ်ကို မအိပ်ရသေးတာလား?"

"စောစောနိုးနေတာပါ။ ဒီနေ့ Hangout Day လေ။ အဲ့ဒါ စားစရာလေးများ နည်းနည်းပါးပါးပြင်ဆင်ရင်ကောင်းမလားလို့"

စိတ်လှုပ်ရှားလွန်ပြီး စပ်ဖြီးဖြီးဖြစ်နေမယ့် မျက်နှာကို အတတ်နိုင်ဆုံး ထိန်းချုပ်ထားပေမယ့် နီနေမယ့် နားရွက်တွေကိုတော့ Omma မမြင်လောက်ပါဘူးလေ

"စားစရာထည့်သွားချင်လို့လား? Lucas ကို လိုက်ပို့ပြီးရင် Mart ဝင်ဦးမှာ၊ ဘာဝယ်ခဲ့ရဦးမလဲ သား? Omma ပြင်ဆင်ပေးမယ်လေ"

"အဟမ်း အဟမ်း၊ နေပါစေ Omma ရေ။ သူက သူ့ဘာသာပြင်ဆင်ချင်ရင် ပြင်ဆင်ချင်မှာပေါ့"

Hannah က မချိုမချဉ်ရုပ်နဲ့ ဝင်ပြောတာကို Omma က သတိမထားမိလိုက်လို့ တော်သေး။ ဒီကလေးမတော့ အစ်ကိုကိုလာပြီး မထိတထိစနေသေးတယ်။ သိရင်လည်း ငြိမ်ငြိမ်နေလေ။

Olivia က Hannah ဆီမှာ Guide တက်နေတာဆိုတော့ Olivia's အစ်ကိုဖြစ်သူနဲ့လည်း မစိမ်းနေ။ အစ်ကိုဖြစ်သူ တဖွဖွပြောလွန်းတဲ့နာမည်ပိုင်ရှင်ကို အနီးကပ်လေ့လာချင်လွန်းလို့ Olivia ကို Guide သင်ဖို့ ဂွင် (ခွင်) ဆင်ခဲ့တာပင်။ လက်သွက်နေမှလေ။ ဒါမှ အစ်ကိုဖြစ်သူကို အညှာကိုင်လို့ရမှာ ဟင်းဟင်း။

"ဪ အိုကေ အိုကေ။ ဒါဆိုလည်း သား အဆင်ပြေတာစီစဉ်သွားလိုက်လေ။ ညနေပြန်လာမှာ မဟုတ်လား? ပေါ့ပေါ့ပါးပါးလေးတွေပဲ လုပ်သွားပေါ့။ Fridge နဲ့ Pantry ထဲ ရှိတာတွေ ကြည့်ကျက်ပြီး လုပ်သွားလိုက်တော့"

Stray Kids One Shots (Myanmar)Where stories live. Discover now