🎄 𝟮𝟰 𝘁𝗼 𝟮𝟱 🎄

253 29 4
                                    

[Unicode]

Oven ဆီမှ Ting ဆိုတဲ့ အချက်ပြသံလေး ကြားလိုက်ရတာနဲ့အတူ နွေးထွေးတဲ့ ချစ်စဖွယ်မီးဖိုခန်းထဲမှာ ချိုအီမွှေးပျံ့တဲ့ Cinnamon နံ့တွေ နေရာယူသွားချိန်မှာတော့ ပြင်ဆင်မှုတွေ ပြီးလုနီးပြီဆိုတဲ့ အသိနဲ့အတူ အသက်ဝဝတစ်ချက်ရှူလိုက်တယ်

"Okay, Turkey လည်း အဆင်ပြေတယ်၊ Meatpie လည်း ကွက်တိ၊ Cinnamon Roll လည်း ရပြီ။ နောက်ပြီးတော့ နောက်ပြီးတော့ ဘာပါလိမ့်! Ahh Cookies.."

ပုံမှန်အချိန်တွေမှာတောင် တစ်လ ၂ ခေါက်လောက် ပြုလုပ်ပေးရတဲ့ Choco Chips Cookie တွေကို ဒီလို နေ့မျိုးမှာ ဘယ်မေ့ထားလို့ရမလဲလေ။ အမှန်အကန်အားပေးမယ့် ပရိတ်သတ်အတွက် အထူးစပါယ်ရှယ် Cookie Design လှလှလေးတွေ ပြုလုပ်ထားတာလေးကို နည်းနည်းပြန်နွှေးလိုက်ပြီးရင် အားလုံးအဆင်သင့်။ ရေမိုးချိုးပြီး အဝတ်အစားလှလှလေး ဝတ်ဖို့ပဲကျန်တော့တယ်

Apron ရှေ့အိတ်ထဲမှ ဖုန်းကို ယူပြီး ရေသွားချိုးတော့မည်ဖြစ်ကြောင်း စာပို့အပြီးမှာတော့ ပြင်ဆင်ထားတဲ့စားပွဲကို စိတ်ကျေနပ်စွာ တစ်ချက်ကြည့်လိုက်တယ်














•Buzz Buzz•

Message Notification ဝင်လာသံကြားရုံနဲ့တင် ခုတ်လက်စသစ်ခွဲတုံးတွေကြားမှာ ချွေးဒီးဒီးကျနေရင်း ပြုံးလိုက်မိစေတယ်

ပြေးကြည့်စရာမလိုလောက်အောင်ပဲ အမြဲတမ်း အချိန်ကိုက်ကွက်တိ ဖြစ်နေတဲ့ ကျွန်တော့်ရဲ့ soulmate လေးဆီကပဲလေ။ ပို့ထားတဲ့ စာလေးကိုက ချစ်စရာ

'You know, who's never hungry on Christmas?
A: The turkey because he’s already stuffed!'

ပို့လာတဲ့ပုံက bathrobe လေးနဲ့ ရေချိုးခန်းထဲက Mirror selfie ပုံ။ ပုံနဲ့စာနဲ့က ဘာမှမဆိုင်ပေသော်လည်း ပုံထဲက အနှီလူသားလေးကတော့ ကျွန်တော်နဲ့ဆိုင်တယ်လေ

သစ်ခွဲခြမ်းတွေကို cart ထဲ အလျင်အမြန်စီထည့်အပြီးမှာတော့ အနွေး‌ဓာတ်လေးရှိနေရာ သစ်လုံးအိမ်လေးဆီ ခြေကုန်သုတ်ပါပြီဗျာ



















"Honey, I'm home~~"

"Chris, I'm here, in a minute.."

အသံကြားရာဆီ ဦးတည်လိုက်တော့ လားလား
မြင်လိုက်ရတဲ့မြင်ကွင်းက ရှိသမျှအမောတွေအကုန် ပြေပျောက်သွားစေတယ်။

Stray Kids One Shots (Myanmar)Where stories live. Discover now