Open Arms

376 34 2
                                    

(Unicode)

ကင်ဆာဆိုတဲ့ စကားလုံးကို သူသိပ်မုန်းတယ်

ဒီလောက်ရက်စက်တဲ့ စကားလုံးကို ဘယ်သူ နာမည်ပေးခဲ့တာလဲ? ဒီလောက်ဆိုးရွားတဲ့ အရာကို ဘာကြောင့် ဒီ လောကကြီးမှာ ဖြစ်တည်နေစေတာလဲ? ဒီအရာ‌ကရော ဘာကြောင့် အကောင်းကြိုက်တတ်ရတာလဲ

ဒီအရာကြောင့်ပဲ သူသိပ်ချစ်ရတဲ့ မေမေကို ဆုံးရှုံးခဲ့ရတာ.. အသက် 20 ကောင်လေးတစ်ယောက်အနေနဲ့ လူကြီးဖြစ်ပြီလို့လည်း မဆိုနိုင်သလို၊ ဆယ်ကျော်သက်တစ်ယောက်လည်း မဟုတ်တော့ပြီ။ ဆယ်ကျော်သက်ဘဝကို အပြည့်အဝ မခံစားခဲ့ရသော်လည်း လွမ်းစရာတော့ သိပ်မရှိလှပါ။ မေမေ့ဆေးရုံစောင့်၊ လူနာစောင့်၊ ပြုစုဖော်အနေနဲ့ နေခဲ့တဲ့ 5 နှစ်ကျော်ကာလလုံး သူငယ်ချင်းတွေနဲ့လည်း သိပ်မ‌တွေ့ဖြစ်နိုင်ခဲ့

တစ်ယောက်သောသူက လွဲပြီးတော့ပေါ့

Bokie....

Yongbokie....

Lee Yongbok ဆိုတဲ့ ဒီကောင်လေးတစ်ယောက်ကတော့ ဇွဲနပဲကြီးစွာပဲ ကိုယ့်အနားမှာ ရှိနေပေးတယ်

Bokie နဲ့စကားပြောနေရချိန်တွေဟာ မွန်းကြပ်၊ပင်ပန်းနေတဲ့ သူ့တစ်နေ့တာအတွက် စိတ်သက်သာရာ အရဆုံးအချိန်တွေပေါ့။ Bokie နဲ့ အမြဲတမ်းတော့ တွေ့ရတာမဟုတ်ပါဘူး။ မေမေ့ဆေးသွင်းတဲ့နေ့တွေဆိုရင် သူက ဆေးရုံစောင့်ရတာကိုး။ အဲ့လိုနေ့တွေဆိုရင် Bokie က ဆေးရုံဝင်းထဲက လူရှင်းတဲ့ သစ်ပင်ရိပ်လေးအောက်မှာ စောင့်နေတတ်တယ်။ မေမေ့ကို ဆေးသွင်းတာပြီးလို့ မေမေအနားယူ ခဏအိပ်ချိန်မှာတော့ သူ အောက်ကို ခဏ အ‌ညောင်းပြေ၊အညာပြေထွက်လာလိုက်တယ်။ 15 မိနစ်လောက်ပဲ စကားပြောရ၊တွေ့ဆုံရတာပေမယ့် ဒီ 15 မိနစ်လောက်ဆိုရင်ပဲ လုံလောက်ပါတယ်။ ကိုယ်ကလည်း မေမေဆေးရုံလာရတဲ့အချိန်ပဲ အပြင်ထွက်လာရသလိုဖြစ်နေတာကိုး။ အခုလို ကိုယ့်ဆီလာတွေ့ပေးတာကိုပဲ ကျေးဇူးတင်နေရပြီ

"မေမေသက်သာရဲ့လား?"

"အင်း ဆေးသွင်းပြီး ဆေးရှိန်နဲ့ဆိုတော့ ဆရာဝန်က ခဏအိပ်ခိုင်းထားတာ"

"အင်းပေါ့ ပင်ပန်းနေရှာမှာပဲ။ မေမေတင်မကဘူး။ ကျွန်တော့်ကိုကိုပါ ပင်ပန်းနေမှာ‌နော်။ ဪ ဒီမှာ မေမေ့စားဖို့ အသီးလေးတွေ စိတ်လာတယ်၊ ပြီးတော့ဒါက Green juice လုပ်လာတာ။ မေ‌မေနိုးလာရင် တိုက်လိုက်နော်"

Stray Kids One Shots (Myanmar)Where stories live. Discover now