Unicode+Zawgyi
🌺ရင်၌ချည်နှောင်သော အတ္တ🌺
🌸အပိုင်း(၁)🌸
~❤~❤~❤~❤~❤~❤~❤~
Rain ဆေးရုံကြီးရဲ့ VIPအခန်းရဲ့အတွင်း....
ကုတင်ပေါ်မှာရှိနေတဲ့လူနာက အသက်(၂၅)နှစ်အရွယ်သာရှိသေးတဲ့ မိန်းကလေးတစ်ယောက်။မျက်နှာလေးရဲ့အထက်မှာ ဆေးပိုက်တွေကရှုပ်ယှက်ခက်နေပြီး အောက်စီဂျင်အဆက်မပြတ်ပေးထားရတဲ့ကိုမာဝင်နေသော Rain ဆေးရုံပိုင်ရှင် အလင်္ကာမိုး။
ခဏအကြာ စကားသံတွေနှင့်အတူ ထိုVIPအခန်းထဲဝင်လာတဲ့ သခင်လေး တစ်နည်းအားဖြင့်ပြောရမယ်ဆိုရင် အလင်္ကာမိုးရဲ့ခင်ပွန်း မြင့်မြတ်ပိုင်...။
"သခင်လေး ရောက်လာပါပြီလား"
"မိုးရဲ့အခြေအနေဘယ်လိုလဲ"
"သခင်မလေးရဲ့အခြေအနေကတိုးတက်မှုမရှိပါဘူးသခင်လေး အရင်အတိုင်းပါဘဲ ဒီအတိုင်းသာဆိုရင်...."
စကားကိုအဆုံးထိမပြောဘဲရပ်လိုက်တဲ့ ဦးထွန်းမြတ်ကြောင့် မြင့်မြတ်ပိုင် စိတ်မရှည်ဖြစ်ရင်း...
"ရှင်းရှင်းပြောလို့ရပါတယ် အန်ကယ်"
"သခင်မလေးကို လက်လွှတ်ရနိုင်ပါတယ် သခင်လေး"
"ဗျာ...အန်ကယ် အခုကျွန်တော့်ကိုလာနှောက်နေတာလား"
ဦးထွန်းမြတ်စကားကြောင့် မျက်နှာထားတင်းမာသွားသည့်ပိုင်ကြောင့် ဦးထွန်းမြတ်ခေါင်းကိုငုံ့ချလိုက်ရင်း...
"မနှောက်ပါဘူးသခင်လေး သခင်မလေးရဲ့အခြေအနေက အရင်ကထက်ပိုဆိုးလာတာပါ "
"မဖြစ်နိုင်ဘူး...မိုးကကျွန်တော့်ဆီပြန်လာမှာ ကျွန်တော့်အပြစ်အတွက် မိုးကျွန်တော့်ကိုခွင့်လွှတ်ဖို့ ပြန်လာရအုံးမှာ"
"တောင်းပန်ပါတယ်သခင်လေး သခင်မလေးကိုမာဝင်သွားတာ (၆)နှစ်ကျော်ပါပြီ မျှော်လင့်ချက်မရှိတာကို ကျွန်တော်.... "
"ရပြီ မပြောတော့နဲ့ အန်ကယ် မိုးနိုးထလာမှာပါ သူကျွန်တော့်ကိုအရမ်းချစ်တာ..."
သခင်လေးရယ်လို့သာ စိတ်ထဲပြောမိသည်။
သခင်မလေးကိုချစ်ရက်နဲ့ မာနကြီးပြီး ဥပေက္ခာပြုခဲ့တာအရင်ကတည်းက အနီးကပ်နေလာခဲ့တဲ့ အန်ကယ်သိပါတယ် သခင်လေးရယ်။
YOU ARE READING
ရင်၌ချည်နှောင်သောအတ္တ/ရင်၌ချည်နှောင်သောအတ္တ[Completed]