Part(9)

1.6K 55 2
                                    

Unicode+ Zawgyi

🌺ရင်၌ချည်နှောင်သော အတ္တ🌺

           🌸အပိုင်း(၉)🌸

~❤~❤~❤~❤~❤~❤~❤~

("မမ ဆုံဖြတ်ချက်ကိုမပြင်တော့ဘူးလားဟင်"

"ဟင့်အင်း မဟုတ်ရင် မိုးမှာကိုယ်ဝန်ရှိတာ သူသိသွားမှာ ပိုင်သိရင် ပန်းအိမ်အတွက် ဟင့်အင်းမဖြစ်ဘူး "

"မမ တစ်ခါတစ်လေလေးတော့ ကိုယ့်အတွက်ကိုတွေးပါအုံးလား အကို့အတွက်ကြီးပဲ တွေးမနေနဲ့ ပြီးတော့ မွေးလာမဲ့ မမရဲ့ကလေးအတွက် ဖခင်ဆိုတာလိုအပ်တယ်လေ"

"ဒါဆို ပန်းအိမ်ကရော ပန်းအိမ်အတွက်ကပိုလိုတယ်စုစု မမမှာ စုစုတို့ကိုတိမ်တိုက်တို့ရှိတယ် ပန်းအိမ်မှာက ပိုင်တစ်ယောက်တည်းရှိမှာ ပြီးတော့ လက်မထပ်ရသေးတဲ့မိန်းကလေးတစ်ယောက် သူပတ်ဝန်းကျင်ကိုဘယ်လိုရင်ဆိုင်မှာလဲ"

"စုစုလေ အမှန်တိုင်း‌ပြောရရင် အဲ့အမမှာ ကိုယ်ဝန်ရှိတာ မယုံဘူး အစကတည်းက အကိုနဲ့မမကိုခွဲနေတာ ဒါကလည်း လုပ်ကြံတာပဲ ဖြစ်..."

"တော်တော့စုစု ဘယ်လိုဘဲဖြစ်ဖြစ် သူတို့နှစ်ယောက်က အစကတည်းကပေါင်းသင့်တာပဲလေ မမကဝင်ရှုပ်ခဲ့တာ")

"ဟင့်အင်း မဟုတ်ဘူး...ကျွန်မ..."

စုစုနဲ့စကားပြောသံတွေကို ကြားယောင်ရင်း မိုး လက်မခံနိုင်စွာ ငြင်းဆိုမိရင်းမှ လဲကျသွားခဲ့သည်။
မိုးဘာဆိုဘာမှမသိတော့။

'ကျွန်မရဲ့ ကံဆိုးမှုတွေကို အဆုံးသတ်ပေးပါ....'

~~~~~~~~~~~~~~~~🌺🌺🌺

"ဒါက ဘယ်လိုဖြစ်ရပြန်တာလဲ အကို...
မမကဘာလို့ ‌ထပ်ပြီးမေ့လဲပြန်ရတာလဲ...."

"မသိဘူး အပေါ်ထပ်မှာ လဲကျနေတာ ခဏလျှောက်ကြည့်မယ်ဆိုပီး ပြောသွားတာ....အကိုစိတ်မချလို့ အပေါ်တက်လာတော့ မိုးလဲကျနေတယ် "

"စုစုတို့ အိမ်ကိုပြန်ပြောင်းနေမှဖြစ်မယ်....စုစုမမကို နည်းနည်းလေးမှ စိတ်မချတော့ဘူး ခဏခဏမေ့လဲနေတာ ပုံမှန်မှ ဟုတ်ရဲ့လား..."

စူးစမ်းသလိုနဲ့ ပြောလာတဲ့စုစု။
သို့ပေမဲ့ သူမျက်နှာပျက်သွားတာကိုတော့ စုစုမမြင်လိုက်ပါ။

ရင်၌ချည်နှောင်သောအတ္တ/ရင်၌ချည်နှောင်သောအတ္တ[Completed]Où les histoires vivent. Découvrez maintenant