Part(12)

1.6K 50 0
                                    

Unicode+Zawgyi

🌺ရင်၌ချည်နှောင်သော အတ္တ🌺

           🌸အပိုင်း(၁၂)🌸

~❤~❤️~❤~❤️~❤️~❤️~❤️~

"တီ...တောင်..."

"ဘယ်သူလဲ...အစောရီးရှိသေး...ဟင်"

"မြင့်မြတ်ပိုင် "

မနက်ခြောက်နာရီပဲရှိသေးတယ် ပိုင်က မိုးအိမ်ရှေ့ရောက်နေပြီ
ဒီလူ ဘာလာလုပ်တာလဲ...!

"ဒီမှာ..."

ပိုင်က သူအစောကြီးထဝယ်လာသည့် ဟင်းချက်စရာတွေဝယ်လာသည့်အိတ်ကို ထောင်ပြကာ အခန်းထဲ တိုးဝင်လာသည်။

"မိုးမျက်နှာသစ်လေ ကိုယ်ချက်ထားမယ်..."

ထိုအချိန် မိုးစိတ်ထဲမှာ အကြံလေးက လက်ခနဲ။

"ရှင်ချက်တတ်လို့လား..."

"အင်း ကိုယ် သင်ထားတယ် နောက်ဆို မိုးစားချင်တာရှိရင်ပြော ကိုယ်ချက်ကျွေးမယ်..."

ကျွန်မက မချက်တတ်တဲ့လူလား!

"သွား သွား မျက်နှာသွားသစ်..."

မိုးကို ရေချိုးခန်းထဲအတင်းတွန်းပို့ပြီး သူက စတင်ချက်ပါတော့သည်။

'ရှင်ချက်ထားတာကို စားမယ်များထင်နေလား ဟင်း'

မိုးရေချိုးပြင်ဆင်ပြီး အပြင်ထွက်လာတော့ ပိုင်က ထိုင်စောင့်နေသည်။

"ပြီးပြီလား..."

"ရှင်မမြင်ဘူးလား..."

"အဟွန်း..."

ပိုင်က ထိုင်ရာမှ ထပြီး...မိုးလက်ကိုဆွဲကာ...သူပြင်ဆင်ထားတဲ့အစားအသောက်‌ခုံဆီ ခေါ်သွားပြီးထိုင်ခိုင်းသည်။

"စားကြည့်ပါဦး ကိုယ့်ရဲ့ပထမဆုံးလက်ရာ..."

"အခုမှ စချက်ဖူးတာလား"

"အင်း သင်ထားတာကြာပြီ...ခုမှ စချက်ဖူးတာ...မိုးကို ပထမဆုံးကျွေးချင်လို့"

ပိုင်ရဲ့စကားကြောင့် မိုးကျေနပ်သလို ပြုံးမိသွားသည်။
ဒါပေမဲ့ အရင်က မိုးချက်ထားတာတွေသူမစားပဲ ထွက်သွားတဲ့ပုံရိပ်ကို မြင်ယောင်ကာ...

"ကျွန်မ သွားစရာရှိသေးတယ် ရှင်ပြန်တော့"

ရုတ်တရက်ကြီး သူ့ကိုပြန်ဖို့ပြောတော့ သူနားမလည်ဖြစ်သွားရသည်။ ဒါပေမဲ့လည်း...

ရင်၌ချည်နှောင်သောအတ္တ/ရင်၌ချည်နှောင်သောအတ္တ[Completed]Nơi câu chuyện tồn tại. Hãy khám phá bây giờ