Part(6)

2.3K 74 1
                                    

Unicode+Zawgyi

🌺ရင်၌ချည်‌နှောင်သော အတ္တ🌺

           🌸အပိုင်း(၆)🌸

~❤~❤~❤~❤~❤~❤~❤~

"မိုး...."

သူခေါ်လိုက်တော့ လှည့်ကြည့်လာတဲ့သူမလေး!!!!

သူကသာ ဝမ်းသာလို့ခေါ်လိုက်ပေမဲ့ သူမကတော့ ဘာမှမသိတဲ့မျက်ဝန်းလေးနှင့် မျက်တောင်လေးပေကလပ်နဲ့ ကြည့်နေရှာသည်။

‌အံ့ဩသွားတဲ့ သူမအမူအယာက ပြီးမှ

'ရှင်က‌ရောဘယ်သူလဲ' တဲ့။

"မိုး "

"ဟင်...ကျွန်မကိုခေါ်တာလား"

"မိုး....ဟန်ဆောင်နေတာမှတ်လား"

"ရှင်...ရှင်ကလည်း ကျွန်မက ဟန်ဆောင်စရာလားရှင့်"

ဪ အခေါ်အဝေါ်တွေတောင်ပြောင်းသွားတာပဲ။
စုစုတို့ကိုလည်းမမှတ်မိ။ ဘာဆိုဘာမှမမှတ်မိတော့တာပါ။

"ဒါနဲ့ ရှင်ကကျွန်မနဲ့ဘာတော်တာလဲ..."

"ယောက်ျား..."

"ဘာ!...."

မျက်လုံးပြူးကာ ထိတ်လန့်သွားမိတာက ပိုင်ပြောတဲ့စကားကြောင့်သာ။

စုစုဆိုတဲ့ ညီမဖြစ်သူကိုကြည့်တော့ မှန်ကြောင်းထောက်ခံနေသည်။

ဟင်း ...မိုးဆိုတဲ့သူမက သတိရရချင်း အိမ်ထောင်သည်ဘဝကိုတန်းရောက်တာပဲ။

ဆရာဝန်နဲ့တိုင်ပင်ကြည့်တော့ ဦးနှောက်က ခံစားရတဲ့မှတ်ဉာဏ်တွေကိုဖျက်ပေးတာတဲ့။ လူနာက မခံစားနိုင်လို့တဲ့လေ။ ဒါတွေအားလုံးက သူ့အပြစ်သာ။

စုစုကတော့....

"မမခံစားရတာတွေကို မေ့ပစ်တာ ကောင်းတာပဲလေ ပိုပီးမနာကျင်ရတော့ဘူး" တဲ့လေ။

နောက်ခါ ပိုဂရုစိုက်ပါမယ်...မိုး ကိုယ်ကတိပေးတယ်။

ဆေးရုံမှာ နှစ်ပတ်လောက်နေပြီး မနေချင်တော့ဘူးဟုဆိုတာကြောင့် အိမ်ကိုပြန်ခေါ်ခဲ့သည်။

လှဲနေတဲ့အချိန်ကကြာတာကြောင့်‌ခြေ‌တောက်ကချက်ချင်းလှုပ်ရှားလို့မရသေး။

🌺ချမ်းမြေ့ရာစံအိမ်🌺

ဝင်ပေါက်က စံအိမ်နာမည်ကြောင့် မိုးရင်ထဲ ဝမ်းနည်းလာသလိုပင်။
'ဒါကဘယ်လိုခံစားချက်ကြီးလဲ...'
ဒီအိမ်ထဲကို မဝင်ချင်ဘူး။

ရင်၌ချည်နှောင်သောအတ္တ/ရင်၌ချည်နှောင်သောအတ္တ[Completed]Onde histórias criam vida. Descubra agora