[Zawgyi]
ဇူလိုင်လ ၂၅ရက်
ယွန်းဂီ သူ့စာကြည့်အခန်း၏ ထောင့်တွင် ခေါင်းငိုက်စိုက်ချကာ ထိုင်နေပြီး သူဖတ်လိုက်ရတဲ့သတင်းက ဟုတ်ရောဟုတ်ရဲ့လားလို့ တွေးနေမိသလို ဒီအဖြစ်မှန်ကြီးကို လုံးဝလက်မခံချေ။
မနက်ခင်းသတင်းစာမှာ ခေါင်းကြီးပိုင်းအနေနဲ့ ကိုယ်ချစ်ရသူတစ်ယောက် ဒီလောကမှာမရှိတော့ကြောင်းကို သိလိုက်ရသည်က ရင်ဝကိုဆောင့်ကန်ခံလိုက်ရသလိုပင် ... ။ဒါအမှန်မဟုတ်ဘူးလို့ အတင်းငြင်းယူပြီး မျက်ရည်တို့ကိုလည်း ကျဆင်းခွင့်မပေးသေးပေ ...။
ဤတိတ်သက်နေတဲ့အခန်းကြီးထဲမှာ သူ့ရဲ့မေးခွန်းတွေနှင့် သူ့အတွေးတွေဟာကျပ်ပိတ်နေလောက်သည်။ဒါဘယ်လိုခံစားချက်ကြီးလဲ ... ရင်ဘတ်တစ်ခုလုံးလစ်ဟာနေပြီး တဆစ်ဆစ်နဲ့နာကျင်နေရတာ။
ဘာလို့လဲ ... ။
ထယ်ယောင်းက ဒီလောကကြီးမှာရှိနေတယ်ဆိုတဲ့အသိလေးနဲ့ ပျော်နေရတဲ့သူ့အတွက် ဒီကိစ္စက သူ့ကိုအရူးမီးဝိုင်းဖြစ်စေတယ် ... သူရော ငါ့ကို မျှော်တမ်းနေလောက်မလားဆိုပြီး ... သူနားဆင်ဖို့သံစဉ်လေးတွေဖန်တီးထားတဲ့ နောက်ထပ်သံစဉ်တွေကို ပေးမနားထောင်ရသေးဘူး။ထယ်ယောင်းဆီက ပြန်စာလေးလာရင် "အမြန်ဆုံးနေကောင်းလာပါစေ" ဆိုပြီး ပို့ပေးချင်သေးတာ ...။
ထယ်ယောင်းဆီက ပြန်စာလေးကိုမျှော်နေခဲ့သလို သူတောင်းဆိုထားတာလေးကိုမျှော်လင့်ခဲ့တာ ... ထယ်ယောင်းနဲ့ပတ်သက်ရင် သူဟာနည်းနည်းလေးမျှမရင့်ကျက်။
အကြောင်းမဲ့စွာ ကိုယ့်ကိုကိုယ်စိတ်တိုမိရင်း အနီးနားမှာရှိသည့်ပစ္စည်းများကိုတွန်းထုတ်မိသည်။
သူ့မျက်ဝန်းလေးကိုကြည့်ပြီး ချစ်တယ် လို့တစ်ခါလောက်ပြောဖူးချင်တာ ...
ပြန်တွေ့ဖြစ်ခဲ့ရင် သူ့အပြုံးတွေကိုမြင်ချင်သေးတာ ...။"စာရောက်လာတယ် ... အစ်ကိုလေး"
အပြေးအလွှားဝင်ရောက်လာကာ စာအိတ်သုံးလေးအိတ်လောက်ကိုတစ်ပါတည်းကိုင်ကာ ယူလာပေးသည်မို့ သူ့အတွေးတွေကို ခဏတာရပ်တန့်လိုက်သည်။ကမ်းပေးနေသည့် စာအိပ်တွေကို မတ်တပ်ထ ယူလိုက်ပြီး
BINABASA MO ANG
Everlasting STAY • taegi (Eden Contest)
Fanfiction"မိုးစက်တွေကလှပတယ် ... သို့ပေမယ့် လှပတဲ့အရာတွေဟာ ဝမ်းနည်းခြင်းကိုဦးတည်တယ်" -TaeGi- "မိုးစက်တွေကလှပတယ် ... သို့ပေမယ့် လှပတဲ့အရာတွေဟာ ဝမ်းနည်းခြင်းကိုဦးတည်တယ်"