Zawgyi
Kim minyoungတစ်ယောက်ဒီနေ့ကရုံးပိတ်ရက်ဆိုတော့ Park အိမ်တော်သို့လာခဲ့လိုက်သည် အိမ်ရှေ့သို့ရောက်သည်နှင့် လူခေါ်bell ကို နှိပ်လိုက်သည့်အခါ ခြဲထဲမှ ခြံစောင့်ရောက်လာကာ
'' ဘယ်သူနဲ့တွေချင် လို့ပါသလဲဗျာ''
'' CEO Park jinyeolနဲ့တွေ့ချင်လို့လာ ခဲ့တာ အခုတံခါးဖွင့်စမ်း ''
'' နာမည်ဘယ်သူပါလဲ ခင်ဗျာ '''' အံမယ် အရစ်လာရှည်သေး ဖွင့်ဆိုဖွင့်ပေါ့''
minyoung တစ်ယောက် မိမိရှေ့မှာအရစ်ရှည်နေသောထိုကောင်လေးကိုကြည့်ကာ တကယ်စိတ်မရှည်တော့ ဘယ်လိုဟာမှန်းမသိ min youngလည်းတံခါကစိထားရုံဆိုတော့ ကိုယ့်ဘာသာ တွန်းဖွင့်ပြီးဝင်ရန်လုပ်သောအခါ မိမိအရှေ့မှ ရပ်၍
'' ဒီမှာအဲ့လိုလုပ်လို့မရဘူးဗျာ့ သူဋ္ဌေးကိုသွား ပြောရအုံးမယ်ဒီမှာ ခဏစောင့်နေပါ ဗျာ''
'' အလုပ်ပြုတ်ချင်နေပြီလား ငါဘယ်သူလဲဆိုတာသိလားးး ''
'' မသိဘူးဗျာ ကျွန်တော်ကကျွန်တော်လုပ်ရမဲ့တာဝန်ကို လုပ်တာပါဗျာ ''
'' ဟက် ငါကpark အိမ်တော်ရဲ့ချွေးမဖြစ်လာမဲ့သူ ဟဲ့
အလုပ်မပြုတ်ချင်ရင် အရှေ့ကဖယ်စမ်း ''ဒါတောင်မဖယ်ချင်သောထိုကောင်လေးကြောင့် minyoung လည်းဇွတ်ဝင်လာလိုက်သည် ကြည့်ရတာခြံစောင့်အသစ်ထင်တယ် minyoung
လည်း အိမ်ထဲသို့သာဝင်လာလိုက်သည်'' ဒီမှာ သူများအိမ်ထဲကို တဇွတ်ထိုးဝင်လာတာယဉ်ကျေးမှုမရှိလိုက်တာ ''
ထို့သို့ပြောကာ မိမိရှေ့ပိတ်ရပ်လိုက်သော မိန်းမတစ်ယောက် ဘယ်သူလဲတော့မသိ ထိုမိန်းမကိုတစ်ခါမှမမြင်ဖူး ထို့နောက် minyoungလည်း
'' သြော် ကိုယ့်ယောက္ခမဖြစ်လာမဲ့သူအိမ် ကိုလာတာပဲဇွတ်ဝင်လာတယ်တော့ ဟုတ်မလားး
ဒါနဲ့ရှင်က ကောဘယ်သူလဲ ဒီအိမ်မှာရှင့်ကိုတစ်ခါမှမတွေ့ဖူးပါဘူး ''Yooraတစ်ယောက် မိမိရှေ့ကယဉ်ကျေးမှုမရှိသောထိုမိန်းးမကိုခြံထဲအတင်းဝင်လာထဲကတွေ့သည် ဘယ်လိုမိန်းကလေးပါလိမ့်
YOU ARE READING
Thorn oil (completed )
Fanfictionနှလုံးသားရှိနေ့သရွေ့တော့ မောင်ကငါ့ရင်ဘက်ထဲကနှလုံးသားကိုအသက်သွင်းပေးတဲ့ နှလုံးခုန်နှုန်းလေးဖြစ်နေအုံးမှာပဲ နှလုံးသားရှိနေ့သရွေ့တော့ မောင်ကငါ့ရင်ဘက်ထဲကနှလုံးသားကိုအသက်သွင်းပေးတဲ့ နှလုံးခုန်နှုန်းလေးဖြစ်နေအုံးမှာပဲ