Zawgyi
Chanyeol တစ်ယောက်ကား ကိုအမြန်ဆုံးနှုန်းနဲ့သာမောင်းလာခဲ့လိုက်သည်
ဆေးရုံဝန်းထဲကိုရောက်သည်နှင့်ကားကို car ပါကင်မှာထားခဲ့ပြီးဆေးရုံထဲ သို့အပြေးဝင်လာခဲ့လိုက်သည်
ဆေးရုံထဲရောက်သည်နှင်ကောင်တာမှ Nurse ကိုမေးလိုက်သည်'' ဆရာမ ဒီကိုစောနကမှ car accident ဖြစ်ပြီးရောက်တာတဲ့လူနာက အခုဘယ်အထပ်မှာဆေးကုသနေလဲဟင်''
'' သြော် ဟို ခုနက အရေးပေါ်လူနာထင်တယ်
ဒုတိယထပ် အခန်းC 144မှာပါ ဒါနဲ့ဒီကလူနာရှင်လား.......
အယ် မေးတာတောင်မဖြေသွားဘူး''Chanyeol လည်းနေရာနဲ့ အခန်းနံပါတ်သိပြီဆိုတာနဲ ထိုNurse ဆက်ပြောနေတဲ့စကားတို့ကိုတောင် နားမထောင်နိုင်တော့ပဲ Roseရှိရာနေရာဆီသို့သာ အပြေးလာခဲ့လိုက်သည်
အခန်းရှေ့ရောက်တော့Chanyeol အခန်းတံခါးကိုဖွင့်မကြည့်ရဲ အခန်းတံခါးကိုဖွင့်မည့်လက်များကလည်တုန် ယင်နေသည်
Chanyeolလှုပ်ရှားနေတဲ့စိတ်တွေကိုအတည်ငြိမ်ဆုံးဖြစ်အောင် ထားပြီး အားပါ ပါအသက်ပြင်းပြင်းတစ်ချက်ရှူသွင်းရှူထုတ်လုပ်နေလိုက်သည်
ပြီးနောက်Chanyeol စိတ်လှုပ်ရှားစွာအခန်းတံခါးကိုဖွင့်ကာအပြေးဝင်လာလိုက်သည်
ထိုအချိန်အခန်းထဲရှိနေသူများ၏အကြည့်ကChanyolဆီသို့သာအာရုံစူးစိုက်ကာChanyeolကိုသာကြည့်လာခဲ့ကြသည်
Chanyeolလည်းထိုသူတို့ကိုကြည့်လိုက်ပြီးနောက်မှာဆေးရုံခုတင်ပေါ်သို့သာလှည့် ကြည့်လိုက်မိတော့သည်
ခုတင်ပေါ်တွင် အဖြူရောင်ပိတ်စများဖြင့်လွှမ်းခြုံထားသော
လူသေအလောင်းတစ်လောင်းကိုသာတွေ့လိုက်ရသည်
'' လူနာရှင် လာပြီထင်တယ် ပြောရမှာစိတ်မကောင်းပေမဲ့လူနာroseက လွန်ခဲ့တဲ့ မိနစ် 30ခန့်က ဆုံးသွားပါပြီ ''Doctor ပြောလိုက်သောစကားကြောင့်Chanyeol
မျက်ရည်များကျကာ မဟုတ်ဘူးဟုဆိုကာ ခေါင်းကိုတစ်ချက်ခါလိုက်ပြီးခုတင်ပေါ်မှာအဝတ်ဖြူအုပ်ထားသောသူဆီသို့
ယိုင်နဲ့နေသောခြေလှမ်းများဖြင့်လျောက်လှမ်းသွားလိုက်ကာဖုံးအုပ်ထားသောထိုအဝတ်ဖြူကိုဖွင့်အကြည့်
YOU ARE READING
Thorn oil (completed )
Fanficနှလုံးသားရှိနေ့သရွေ့တော့ မောင်ကငါ့ရင်ဘက်ထဲကနှလုံးသားကိုအသက်သွင်းပေးတဲ့ နှလုံးခုန်နှုန်းလေးဖြစ်နေအုံးမှာပဲ နှလုံးသားရှိနေ့သရွေ့တော့ မောင်ကငါ့ရင်ဘက်ထဲကနှလုံးသားကိုအသက်သွင်းပေးတဲ့ နှလုံးခုန်နှုန်းလေးဖြစ်နေအုံးမှာပဲ