Zawgyi
ဖေဖေသတိမရလာသည်မှာ ၃ရက်တင်တင်ပြည့်ခဲ့ပြီ ထို့နေက ဆရာဝန်ကြီးပြောကြားချက်များအရ
'' မောင်ရင့်အဖေက ပြုတ်ကျတဲ့အရှိန်ကြောင့်ဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိသွားတာ
အခုတော့ အသက်အန္တရာယ်ကတော့ စိုးရိမ်စရာမရှိတော့ပါဘူး
ဒါပေမဲ့ လူနာ့အခြေနေကိုစောင့်ကြည့်ရအုံးမယ်
လူနာကဦးခေါင်းကိုပြင်းပြင်းထန်ထန်ထိထားတာဆိုတော့ စိတ်ချလို့တော့မရသေးဘူးကွယ် ဆရာတို့စောင့်ကြည့်ကြတာပေါ့ '''' ဟုတ်ကျေးဇူးတင်ပါတယ်ဆရာရယ် ''
'' ရပါတယ်ကွယ် ခဏနေလူနာကိုအခန်းထဲလာပို့လိုက်မယ် နော် ''
'' ဟုတ်ဆရာ ''
အသက်အန္တရာယ်ကနေကင်းလွတ်ခဲ့ပေမဲ့ အခုထိသတိမရလာသေးသောဖေဖေ့ကြောင့် chanyeolလည်း အိမ်မပြန်ဖြစ်ခဲ့ဖေဖေ့အနားမှာသာစောင့်နေမိ၏ noonaကအဲ့နေ့ညကရောက်လာတယ်လေ ရောက်ရောက်ချင်းသူလည်းတော်တော်စိတ်ပူနေပုံပင်
Noonaကဖေဖေ့ကိုသူစောင့်ပေမယ်လို့ပြောသော်လည်း chanyeolကိုယ့်ဘာသာခေါင်းမာစွာဖေဖေ့ဘေးနားမှာနေမိ ဖေဖေ့မရှိတော့မှာကိုသူအကြောက်ဆုံးပင် ငယ်ငယ်ထဲကိုယ့်အပေါ်အရမ်းချစ် အရမ်းအလိုလိုက်ခဲ့တဲ့ဖေဖေ့ကို chanyeolမဆုံးရှုံးချင်ဘူး
မေမေက ဆေးရုံလာကြည့်ချင်တယ်လို့ပြောပေမဲ့ ဟိုသားမိနှစ်ယောက်မေမေ့ကိုတွေ့သွားပြီး
တစ်ခုခုလုပ်မည်ကိုလည်း chanyeolကြောက်သည်
Baekကိုလည်းမလာခိုင်ခဲ့ပေ အဲ့အစားမေမေ့ဆီကိုသားတို့ကိုခေါ်ပြီးသွားနေပေးဖို့သာ
Baekကိုပြောထားသည် Noonaကတော့ကုမ္ပဏီကို chanyeolနဲ့ဖေဖေ့အစားကြည့်ရှုပေးထားသောကြောင့်အလုပ်အတွက်ကိုတော့စိတ်မပူပေ ဒီနေ့တော့ D.Oကိုအကူညီတောင်းထားသည် တိုက်ဆိုင်တယ်ပဲဆိုရမလား D.Oအလုပ်လုပ်နေသောဆေးရုံသည် ဖေဖေအခုတတ်နေသောဆေးရုံဖြစ်သည်
Chanyeolလည်းအိမ်မပြန်တာကြာနေ
ပြီလေအဲ့ကြောင့်ဒီနေ့တော့ အိမ်ကိုခဏပြန်ဦးမည်
D.Oကဒီနေ့အလုပ်က ၁နာရီပြီးပြီဆိုသောကြောင့် ဖေဖေ့ကိုခဏစောင့်ကြည့်ခိုင်းထားပြီသူကတော့အိမ်ကိုပြန်အုံးမည် Kim minyounအမေရှိ
ပေမဲ့စိတ်မချသောကြောင့် D.Oကိုစောင့်ခိုင်းထားတာပင်
Yeolhyunလေးကိုတော့ အခုရက်မှာ
Noonaကကုမ္ပဏီခေါ်သွားသလိုပုံစံနှင့် baekအိမ်ကိုခဏပို့ထားသည် ညနေပြန်လာရင်တော့ပြန်ခေါ်လာရတာပေါ့ သားကို ဟိုကိစ္စကြောင့်အိမ်မှာ မထားခဲ့ချင်ပေး ပြီးတော့သားကိုလည်းbaekကသူနဲ့တွေ့တယ်ဆိုတဲ့အကြောင်း တီတီနဲ့ဟိုဘွားဘွားရှေ့ပြန်မပြောရဘူးနော်ဆိုပြီးသင်ပေးထားတော့ သားလေးကပြန်မပြောရှာဘူးလေအဲ့ကြောင့် သူတို့လည်းဒီကိစ္စနဲ့ပတ်သတ်ပြီးမသိဘူးပေါ့
YOU ARE READING
Thorn oil (completed )
Fanfictionနှလုံးသားရှိနေ့သရွေ့တော့ မောင်ကငါ့ရင်ဘက်ထဲကနှလုံးသားကိုအသက်သွင်းပေးတဲ့ နှလုံးခုန်နှုန်းလေးဖြစ်နေအုံးမှာပဲ နှလုံးသားရှိနေ့သရွေ့တော့ မောင်ကငါ့ရင်ဘက်ထဲကနှလုံးသားကိုအသက်သွင်းပေးတဲ့ နှလုံးခုန်နှုန်းလေးဖြစ်နေအုံးမှာပဲ