🌳Two🌳

13.1K 1.6K 140
                                    

(Unicode)

"ထယ်ယောင်း အဝတ်အစားလဲနေတာမပြီးသေးဘူးလား"

အစ်ကိုဖြစ်သူ ဂျုံးဂုရဲ့ အော်သံက တစ်အိမ်လုံးပြန့်သွားသော်လည်း ထယ်ယောင်းကမူ ဘာအသံမှ ပြန်မပေးပေ။ ခဏကြာမှ ဆင်စွယ်ရောင် ဝတ်စုံရှည်လေးကို ဝတ်လျက် အခန်းထဲက ထွက်လာသော ထယ်ယောင်း။ အဲ့တော့မှ ဂျုံးဂုလည်း အသာပြုံးလိုက်သည်။

နဂိုပုံစံအတိုင်း Alpha တွေလို လိုက်ဝတ်စားထားတာ မဟုတ်တာကြောင့် ထယ်ယောင်းကိုယ်လုံးလှလှလေးက ထင်ပေါ်ကာ လှချင်တိုင်းလှနေသည်လေ။ နားရွက်မှာလည်း ပုလဲလုံး နားကပ်လေးက ဝင့်ထည်စွာ လိုက်ဖက်လျက်ရှိသည်။

"အစတည်းက Omega ဆိုတာ အဲ့လိုနေရမှာ"

ဂျုံးဂုက ပြောလေတော့ ထယ်ယောင်းက နှာခေါင်းလေးအသာရှုံ့ရင်း

"နေရထိုင်ရခက်လိုက်တာ၊ မိန်းမအဝတ်အစားကြီးကျနေတာပဲ"

"ညစာစားချိန်ခဏပါပဲ၊ Alpha ကို စိတ်ပျက်အောင်မလုပ်နဲ့ ဟုတ်ပြီလား"

"အွန်း"

စိတ်ပျက်ဖို့ကောင်းတယ်။ ဘာလို့ Omega တွေက Alpha စိတ်တိုင်းကျလိုက်နေပေးနေရတာလဲ။

ခဏကြာတော့ Alpha ဘက်မှ မိသားစုရောက်လာသည်။ အဖေရော အမေရော Alpha ဖြစ်တာကြောင့် လက်ထပ်ရမဲ့သူက True Blood Alpha မှန်း သိလိုက်ရသည်။

"ကိုယ့်နာမည် အီဂျယ်မင်"

Alpha က ထယ်ယောင်းဆီသို့ လက်လှမ်းပေးရင်း ကိုယ့်ကိုယ်ကိုယ် မိတ်ဆက်သည်။ ထယ်ယောင်းလည်း ခေါင်းတစ်ချက်ငြိမ့်ပြရင်း ပြန်၍လက်ဆွဲနှုတ်ဆက်သည်။

"ကင်ထယ်ယောင်းပါ"

"မိဘတွေက မင်း ဘယ်လောက်လှကြောင်း ပြောတုန်းက မယုံ‌ခဲ့ပေမဲ့ အခုလက်တွေ့မြင်လိုက်ရတော့ ယုံသွားပါပြီ၊ မင်းအရမ်းလှတယ်"

"ကျေး..‌ကျေးဇူးတင်ပါတယ်"

ယောက်ျားတစ်ယောက်စီက လှတယ်လို့ ကြားရတာကြီးက နေရခက်လှသည်။

ညစာစားနေတဲ့တစ်လျှောက်လုံးလည်း စိတ်ပျက်ဖို့ကောင်းစွာ တစ်ချိန်လုံး စိုက်ကြည့်ခံနေရသည်။ အစ်ကိုနဲ့ မရီးကတော့ Alpha ရဲ့ မိဘတွေနဲ့ အဆင်ပြေနေကြတာကြောင့် နဲနဲတော့ မျက်ခုံးလှုပ်မိသား။

Love In The Woods [Completed]Where stories live. Discover now