(Unicode)
"သခင်လေး...သခင်လေး"
အပြင်ကနေ တံခါးကို ခပ်ဖွဖွထုကာ အော်ခေါ်သံကြောင့် ထယ်ယောင်း အိပ်ချင်မူးတူးနဲ့ ကုတင်ပေါ် ထထိုင်လိုက်သည်။
ပြတင်းပေါက်ကို ကြည့်လိုက်ရာ နေရောင်ပျပျလေး မြင်လိုက်ရသည်မို့ မိုးလင်းနေပြီမှန်း သိလိုက်ရပြီ။ အနားတွင်တော့ ဂျောင်ဂုရှိမနေတာကြောင့် ထယ်ယောင်း မျက်မှောင်ကုတ်မိသည်။ မိုးလင်းလင်းချင်း မြင်ချင်တာကို။
"သခင်လေး၊ ထသင့်နေပါပြီ"
ဆက်တိုက်ထွက်ပေါ်နေသော ဂွမ်ဆူ အသံကြောင့် ထယ်ယောင်းလည်း အိပ်ရာပေါ်မှ ကုန်းရုန်းထပြီး တံခါးဖွင့်ပေးလိုက်ရသည်။
"ကိုယ်လက်သန့်စင်ဖို့ ရေအဆင်သင့်ပြင်ထားပါတယ်"
"မင်းသားရောဟင်"
"မင်းသားက ဒုံချွန်းသွားဖို့ ပြင်ဆင်နေပါတယ်"
ဂွမ်ဆူစကားအဆုံး ထယ်ယောင်း ချက်ချင်း အိပ်ချင်ပြေသွားကာ မျက်လုံးလေး ဝိုင်းစက်လာသည်။
"ဒုံချွန်းကို ဟုတ်လား၊ ဘာသွားလုပ်မလို့လဲ၊ ကျွန်တော့်ကိုတောင် မပြောဘူး"
"အဲ့ဒါကတော့...တော့၊ သခင်လေး ဘယ်သွားမလို့လဲ'
ဂွမ်ဆူစကားပင် မဆုံးသေး ထယ်ယောင်းမှာ အခန်းပြင်သို့ အမြန်ပြေးထွက်ပြီး နန်းတော်အပြင်ဘက်သို့ ဦးတည်လိုက်တော့သည်။
ဂွမ်ဆူမှာလည်း ပြာပြာသလဲနဲ့ ထယ်ယောင်းနောက်သို့ ပြေးလိုက်နေရရှာသည်။
တွေ့ပါပြီ။
နန်းတော်ရှေ့တည့်တည့်တွင် Alpha ယောက်ျား အယောက် ၂၀ ခန့်နှင့်၊ သူတို့၏ ရှေ့မှာတော့ သေနတ်ကိုင်ပြီး လူစစ်နေသော ဂျွန်ဂျောင်ဂု။ထယ်ယောင်း တုန့်ဆိုင်းမနေဘဲ ဂျောင်ဂုဆီသို့ ခပ်သွက်သွက်လေး ပြေးသွားလိုက်သည်။
"မောင်"
ခေါ်သံကြောင့် ဂျောင်ဂုမှာ ကမန်းကတမ်းလှည့်ကြည့်လိုက်တော့ သူ့ဆီ လုံးတုံး လုံးတုံးနဲ့ ပြေးလာသော Omega ပေါက်။
"မောင့်အသက် နိုးလာပြီပဲ"
"ဒုံချွန်းသွားမလို့ဆို၊ ဘာလို့ ထယ့်မပြောတာလဲ ဟမ်"
YOU ARE READING
Love In The Woods [Completed]
Fanfictionjeon jungkook x kim taehyung Side ships - Spartace (Running man) / Taegyu(TXT) Book cover Artist - Akiko AK Started Date ~ Sep 14, 2021 Ended Date ~ Nov 18, 2021