🌳Fourteen🌳

9.9K 1.2K 52
                                    

(Unicode)

မျက်လုံးထဲ အလင်းရောင် စူးစူးဝင်လာသည်မို့ မျက်လုံးအသာမှေးကာ ဖွင့်ကြည့်မိသည်။ ကုတင်ပေါ်မှာ လှဲနေမှန်းသိလိုက်ရပြီး အခန်းတွင်း အပြင်အဆင်က မိမိအိမ် မိမိအခန်း။ ဘေးတွင်တော့ ရေဝတ်ကိုညှစ်နေသော ဂျီဟို။

ထယ်ယောင်း အိမ်ပြန်ရောက်နေမှန်း သိလိုက်ရတာနဲ့ လှဲနေရာမှ ထထိုင်လိုက်ရာ ခေါင်းထဲ နောက်ခနဲဖြစ်သွားရသည်။

"အား"

"ယောင်း..ယောင်း နိုးလာပြီပဲ၊ မထနဲ့ဦးလေ ခေါင်းမူးမယ်"

ဂျီဟိုက ထယ်ယောင်းကိုယ်လုံးလေးကို အိပ်ရာပေါ်သို့ ပြန်လှဲ‌စေသော်လည်း ထယ်ယောင်းက ဂျီဟို လက်တို့ကို ဖယ်ချလိုက်သည်။

နောက်မှ ထယ်ယောင်း သတိရမိတာက ဂွမ်ဆူပင်။

"မရီး၊ ဂွမ်ဆူရောဟင် သတ်လိုက်ကြပြီလား"

"ဟို အရပ်ရှည်ရှည်နဲ့ Beta ကို ပြောတာလား၊ အိမ်ခန်းထဲမှာ ရှိပါတယ် သတိမရသေးဘူး"

ဂျီဟိုစကားကြောင့် ထယ်ယောင်းမှာ သက်ပြင်းချလိုက်မိသည်။ အပြစ်မရှိတဲ့ ဂွမ်ဆူကိုတော့ ဘာမှမဖြစ်စေချင်ပါ။

ဘာမှထပ်တွေးမနေတော့ဘဲ အိပ်ရာမှ ထကာ အခန်းပြင်သို့ အမြန်ထွက်လာလိုက်သည်။ အနောက်က ဂျီဟို၏ စကားသံ အချို့ကို မကြားရတော့။

"ထယ်ယောင်း"

အစ်ကို့အသံ။ ထယ်ယောင်း အနောက်လှည့်မကြည့်မိ၊ ထိုနေရာတွင်ပင် ကျောက်ရုပ်လို ရပ်လျက်။

အစ်ကိုဂျုံးဂုက ထယ်ယောင်းရှေ့ကို လာကာ ထယ်ယောင်းအား ပွေ့ဖက်လိုက်သည်။

"ဘယ်တွေရောက်နေတာလဲ၊ ငါမင်းကို ဆုံးရှုံးလိုက်ရပြီထင်တာ"

"အစ်ကို"

"ဘယ် Alpha နဲ့မှ လက်မထပ်ပေးတော့ဘူး၊ ဒီတိုင်းအရင်ကလို မင်းကြိုက်တာလုပ်ပြီး နေပါ၊ အိမ်ကနေတော့ ထွက်မပြေးသွားပါနဲ့ အရူးလေးရဲ့၊ ဒီအစ်ကိုက စိတ်ပူနေရတာ"

"တောင်းပန်ပါတယ်"

ထယ်ယောင်း မျက်ရည်များစီးကျလာသည်။ ထွက်ပြေးလာခဲ့တာ မှန်ပေမဲ့ တစ်ဦးတည်းသော အစ်ကို ကိုတော့ သတိရနေမိတာ အမှန်ပင်။

Love In The Woods [Completed]Where stories live. Discover now