Part(1)

3.5K 101 7
                                    


Unicode

"သမီးလေးရေ လဝန်းလေးရေ ထတော့ကွယ် မိုးလင်းနေပီ သမီးရေ"
"ဟာ မေမေကလဲ ပိတ်ရက်လေးပဲအိပ်ရတာကို ဟွန့် "
"အမယ်လေးလေ အချိန်ကိုလဲ ကြည့်ပါဦး မယ်မင်းကြီးမရေ ကိုးနာရီထိုးနေပီကွဲ့"

"အင်းပါ အင်းပါ ထပီ မေမေ"
"မျက်နှာသစ်ပီးဆင်းခဲ့ အော် ရေပါ တစ်ခါတည်းချိုးခဲ့ ရန်ကုန်သွားဖို့ လိုတာလေးတွေ ဝယ်ရဦးမယ် ကြားလား"
"ဟုတ်မေမေ"

"ကဲ မေမေ ရန်ကုန်ကိုသွားမယ်ဆိုတာပဲလုပ်နေတယ် ဘာကိစ္စကြောင့်သွားမှာလဲဟင် "
"သိချင်လား သိချင်ရင် လိုက်ခဲ့ပေါ့"
"မေမေကလဲပြောပါဆိုဗျာ"
(လဝန်းက အညာသူမလို့ ဗျာလို့ပဲပြောမယ်နော်ချစ်တို့ မင်မင်လဲ ဗျာလို့ပြောရတာကြိုက်လို့)

"ညည်းကိုမဂ်လာဆောင်ပေးဖို့ကိစ္စသွားမလို့ဟေ့ သိပီလား"
"မေမေကလဲ သမီးက ခုမှငယ်ငယ်လေးရှိသေးတာကိုဗျာ မေမေတို့နဲ့လဲ ခွဲနိုင်ပါဘူး"
"ဘယ်ကိုငယ်ငယ်လေးလဲ အသက်ကဖြင့်ဖင်ဆောင့်နေပီ ၂၃နှစ်ဆိုတာ ငယ်တဲ့အရွယ်လားဟဲ့"
"ဟွန့်မေမေကလဲ ယောက်ျားယူချင်ပါဘူးနော် "
"ညည်းအကြောင်းသိလို့ မေမေ့သူငယ်ချင်းရဲ့ သမီးနဲ့စေ့စပ်ပေးမလို့ဟဲ့"

"သမီးထက်အသက်ကြီးလား ငယ်လား
ငယ်ရင်ကြိုက်ဖူးနော်"
"ကဲ ဒီကလေးမ ညည်းထက်ကြီးတယ်
အသက်က ၂၇နှစ်ဆိုလား အရမ်းတော်တဲ့သူတစ်ယောက် ညည်းနဲ့ကွာပါ့"
"မေမေကလဲ သမီးလဲတော်ပါတယ်ဗျာ အဟင့် အဟင့်"
"ကဲပါ လုပ်စရာရှိတာလုပ်ကြမယ် အချိန်က တော်တော်လင့်နေပီ သွားမယ်"
"Ok let's go"
..................

"ရှင် မာမီဒါက လုံးဝမဖစ်နိုင်တဲ့ ကိစ္စပဲ သမီးလို အောင်မြင်နေတဲ့လုပ်ငန်းရှင်တစ်ယောက်က မိန်းကလေးတစ်ယောက်ကိုလက်ထပ်ရမယ်ဆိုတာ လုံးဝမဖစ်နိုင်ဘူးမာမီ သမီးလက်မခံဘူး"
"မာမီတို့က ဖစ်နိုင်လို့စီစဉ်ပေးတာလေ သမီးလက်ခံရမယ် မဟုတ်ဘူး လက်ကိုလက်ခံရမယ် "
"ဟင့်အင်း မရဘူး သမီးမှာချစ်သူရှိပီးသား သူ့ကိုပဲသမီးလက်ထပ်ချင်တယ်"

"လုံးဝမရဘူး သမီးမာန် ဒါဒယ်ဒီ့ ဆုံးဖြတ်ချက်ပဲ သမီးမာမီလဲ သဘောတူပီးသားကိစ္စကို ဘာလို့လက်မခံချင်ရတာလဲ ပီးတော့ သူက ဒယ်ဒီ့မိတ်ဆွေရဲ့သမီးပဲ အရမ်းလိမ္မာယဉ်ကျေးတဲ့ မိန်းကလေးပါ သမီးသဘောကျမှာပါ"
"သမီးလက်မထပ်ချင်ဘူး သူ့ကို တောင်းပန်ပါတယ်ဒယ်ဒီ ဒီကိစ္စကို ငြင်းပါရစေ"

သူ့နှလုံးသား💕Where stories live. Discover now