Part(6)

1.1K 71 5
                                    

Uni

မျက်နှာကိုနေထိုးမှ လဝန်းတစ်ယောက်အလန့်တကြားနိုးလာရတော့တယ်
'ဟာကွာ ဒီနေ့မှဘာလို့ဒီအချိန်ထိအိပ်ပျော်သွားရတာလဲ မမစောင့်နေတော့မှာပဲ'
လဝန်းတစ်ယောက် နာရီကိုမကြည့်ပဲ ရေချိုးခန်းထဲပြေးဝင်တော့သည်

'ဟင် တစ်အိမ်လုံးလဲတိတ်ဆိတ်နေပါလား ခါတိုင်းဆိုဒီချိန် အောက်ထပ်မှာအန်တီတို့အသံကြားနေရမှာကို'
မသင်္ကာလို့နာရီကြည့်လိုက်မိတော့မှာ ရီချင်သွားတယ်
'ဟာ ၇နာရီတောင်မထိုးသေးဘူး နောက်ကျနေပီထင်နေတာ ဟီးဟီး ငါ‌လဲ အမြန်ပျာယာခတ်နေတော့တာပဲ'

အိမ်နေရင်းအဝတ်သာဝတ်ခဲ့ပီး အောက်ထပ်သာဆင်းလာလိုက်တယ် မမကိုကြည့်တော့လဲမနိုးသေး

'ကြီးမြ မေမေတို့ အန်တီတို့ရော မတွေ့ပါလား မနိုးသေးတာလား"
"မဟုတ်ဘူးသမီးလေး သမီးမေမေတို့ကို လိုက်ပို့စရာရှိလို့ဆိုပီး သွားကြလေရဲ့"
"အော်ဟုတ်လား ဒါနဲ့ကြီးမြ ဘာချက်နေတာလဲ"
"မာန်လေးကြိုက်တဲ့ နန်းကြီးသုတ်လုပ်နေတာ သမီးလေး"
"မမက နန်းကြီးသုတ် ကြိုက်တာလား"
"မာန်လေးက တော်တော်များများကြိုက်ပါတယ် တစ်ခုပဲ အမဲသားဆိုရင်လုံးဝမစားဘူး "
"လဝန်းရောပဲမစားဘူး မမနဲ့တူတယ် ဟီး"

"သမီးရော နန်းကြီးသုတ်စားတော့မလား"
"ဟို မမနိုးမှပဲတူတူစားလိုက်မယ် ကြီးမြ တစ်ယောက်တည်းက ပျင်းလို့"
"ဟုပါပီကွယ် ဒါဆိုကြီးမြ မာန်လေးနဲ့သမီးလေးအတွက် ပြင်ထားပေးခဲ့မယ် ကြီးမြ ဈေးသွားစရာလေးရှိလို့"
"ဟုတ်ဟုတ်ကြီးမြ"
...........

မာန် ဒီနေ့ အကောင်ပေါက်ကို အပြင်လိုက်ပို့ရမှာမလို့ စောစောလဲထပီး ပြင်ဆင်နေတယ် အရင်တုန်းကအလုပ်ပိတ်ရက်ဆို နေမြင့်အောင်အိပ်တတ်သူ ခုတော့ အိပ်လို့မဖစ်‌တော့အကောင်ပေါက်လေးစောင့်နေလိမ့်မယ်
လောလောဆယ်တော့ ဗိုက်ဆာနေတာမို့ ပြင်နေတာခနရပ်ခါ အောက်ထပ်ကိုဆင်းလာခဲ့တယ်

'ဟိုအကောက်ပေါက်မနိုးသေးဘူးထင်တယ် ငါပီးမှပဲနှိုးလိုက်ပါတော့မယ်'
မနိုးသေးဘူးအထင်နဲ့ အောက်ကိုသာဆင်းလာခဲ့တော့တယ် အောက်ရောက်တော့မှ အနှီးမလေးက နိုးနေတဲ့အပြင် ကြီးမြနဲ့ဘာတွေပြောပီးသဘောတွေကျနေလဲမသိဘူး မာန်ပါလိုက်ပြုံးမိတယ်(ဟိုက် ငါပြုံးလိုက်မိပြန်ပီ)

သူ့နှလုံးသား💕Where stories live. Discover now