Part (10)

1.1K 64 20
                                    


'မ ရင်ခွင်ထဲမှာ အိပ်ရတာ တအားနွေးထွေးတာပဲ အမြဲတမ်းအိပ်ချင်မိတယ်
မရယ် လဝန်းကိုမမုန်းပါနဲ့လား မချစ်ရင်နေပါ မုန်းတော့မမုန်းပါနဲ့လား'လဝန်း မမျက်နှာလေးကို ငေးနေတုန်း မမျက်ဝန်းလေးလှုပ်လာလို့ အိပ်ချင်ယောင်ပြန်ဆောင်နေလိုက်တယ်

"အင်း......."
မာန်နိုးလာတော့ ပေါက်စက အိပ်နေတုန်း အခုလိုအိပ်နေတော့လဲ ချစ်စရာကောင်းသား အမှန်တိုင်းဝန်ခံရရင် မာန် မမုန်းချင်ပါ ကံစီမံမှုကြောင့် လက်ထပ်ခဲ့ရတယ်ဆိုပေမဲ့ ပေါက်စကို မမုန်းရက်ပါ အချစ်ဦးကိုလဲမမေ့နိုင်သေးဘူး တို့ဘာလုပ်ရမလဲ လဝန်းမေရယ်

မာန်တိတ်တိတ်လေးထကာ ရေအရင်ချိုးလိုက်တယ် ပြန်ထွက်လာတော့ ပေါက်စက ကုတင်ပေါ်မှာငုတ်တုတ်လေးထိုင်နေလေရဲ့

"ဟေး မင်းနိုးနေပီလား နိုးနေရင် ထတော့ တို့ဗိုက်ဆာနေပီ"
"ဟုတ်မမ လဝန်း မနက်စာပြင်ပေးပါ့မယ် ခနလေးပဲစောင့်ပေးနော်"
"အင်း တို့အောက်က စောင့်နေမယ်"

"မ ခန...."ဆိုပီး မလက်လေးကိုဆွဲလိုက်မိတယ်
"မင်း ဘာလုပ်တာလဲ လွတ်စမ်း"
"ဟို မဟုတ် ဟို ညကရင်ခွင်ထဲပေးအိပ်လို့ ကျေးဇူးတင်ပါတယ်ပြောမလို့ပါ"
"အာ အင်း ရပါတယ် တို့ဘက်က လွန်မိလို့ပါ နောက်ရက်‌တွေတော့မရဘူးမှတ်မြန်မြန်လုပ် တို့ဗိုက်ဆာနေပီ"
"ဟုတ်ကဲ့မမ"

'ကလေးစုတ် ခုလိုပြောရသလား ရှက်လိုက်တာ နေပါဦး ငါဘာလို့ရှက်နေမိတာလဲ ချစ်မိသွားလို့လား  အာ မဖစ်နိုင်တာ ငါ သူ့ကိုမချစ်ဘူး ဟုတ်တယ် မချစ်ဘူး'မာန်မျက်နှာလေးနီရဲကာ စိတ်ကိုထိန်းရင် အောက်ထပ်ကိုဆင်းလာလိုက်တယ်

မ မျက်နှာလေးနီရဲသွားတာလေးချစ်ဖို့ကောင်းလိုက်တာမရယ် မရဲ့အရာအားလုံး လဝန်း မြတ်နိုးမိနေပီ

"မောနီး ‌မာမီ ဒယ်ဒီ ဖေဖေ မေမေ"
"ဟေး မာန်လေး လာကွ ‌ဖေဖေတို့ကစောင့်နေတာ သမီးတို့ကို လဝန်းလေးရော"
"မျက်နှာသစ်နေပါတယ်ဖေဖေ"
"အေးအေး လာလာ ပူတုန်းလေး လာစားချည်"
"ဟုတ်ကဲ့"

"‌မေကြီး မွှေးနေတာပဲ ဘာချက်ထားတာလဲဟင် "
"သမီးအကြိုက် ဒေါ်ချို့လက်ရာ မုန့်ဟင်းခါးလေ လာစားချည်"
"ဟုတ်လာပီ မစားရတာကြာတော့ များကြီးစားပစ်မယ်"
"စားပါတော် စားပါ ဟားဟား"

You've reached the end of published parts.

⏰ Last updated: Mar 01, 2023 ⏰

Add this story to your Library to get notified about new parts!

သူ့နှလုံးသား💕Where stories live. Discover now