Part -7

1.4K 101 10
                                    

"တဘက်ခါဆို တို့‌တွေ လက်ထပ်ရတော့မယ်ဆိုတာသိလား"
"ဟုတ်ကဲ့ လဝန်းသိပါတယ်မမ"
"မင်းအခုထိနောက်ဆုတ်ဖို့စိတ်ကူးမရှိသေးဘူးလား"

"မရှိပါဘူးမမ ရှိခဲ့လဲ လဝန်းမှာငြင်းပိုင်ခွင့်မှမရှိတာ လူကြီးတွေစီစဉ်တာကိုလက်ခံဖို့ကလွဲပီး တခြားစိတ်ကူးမရှိပါဘူး"

"မင်းဘက်က မငြင်းဖူးဆိုတော့လဲ တို့လဲငြင်းမနေတော့ပါဘူး တစ်ခုတော့မှတ်ထား လူကြီးတွေကြောင့်သာ မင်းကိုခုလိုပြောဆိုဆက်ဆံနေတာ မင်းအပေါ်ဘာခံစားချက်မှမရှိဘူး ငါ့ဆီမှာ မင်းအတွက်အမုန်းပဲရှိတယ် မြဲမြဲမှတ်ထားပါ "

"ဟုတ်ကဲ့ လဝန်းသဘောပေါက်ပါတယ်မမ မမကိုပေးထားတဲ့ကတိတည်မှာပါ"
"အိုကေလေ တို့အလုပ်သွားဦးမယ်"
"ဟုတ်ကဲ့"

လဝန်းလဲခြံရှေ့ထိလိုက်ပို့တော့ကားပေါ်ကိုအလျင်စလိုတက်သွားတဲ့မကိုခပ်ဆွေးဆွေးလဲငေးနေမိတော့တယ်
'မ ....မလို့ခေါ်ချင်ခဲ့တာ ဘယ်တော့များမှခေါ်ရပါ့မလဲ'

"ကြီးကြီးဘာတွေလုပ်..."
"သမီးရဲ့မမ အလုပ်သွားပီလား"
"ဟုတ် ကြီးကြီး ခုနလေးတင်ပဲ ထွက်သွားတာ"
"မာန်လေးကအပြင်ပန်းကြည့်ရင်အေးစက်စက်လို့ထင်ရပေမဲ့ အတွင်းစိတ်လေးကတော့နူးညံ့ပါတယ်ကွယ် သမီးအပေါ်ဆိုးတာရှိရင်လဲ ခွင့်လွှတ်ပေးပါကွယ်"

"ဟုတ် သမီးနားလည်ပါတယ်ကြီးကြီး ဒါဆိုသမီးအပေါ်ပြန်တက်တော့မယ်နော်"
"အင်းအင်း"

လူကြီးတွေရော မရောအပြင်သွားတာကြောင့် အိမ်မှာကြီးကြီးနဲ့ လဝန်းနှစ်ယောက်တည်းရှိနေတော့ လဝန်း‌ဘာလုပ်ရမလဲမသိ
'သီချင်းနားထောင်ရင်ကောင်းမလား ဂိမ်းဆော့ရင်ကောင်းမလား တော်ပါပီသီချင်းပဲနားထောင်တော့မယ်'

အကြိုက်ဆုံးသီချင်းလေးကိုဖွင့်ရင်း လိုက်ဆိုနေမိတယ်

'Not sure if you know this..'
'မင်းသတိထားမိလား ကိုယ်မသေချာပေမယ့်.."

"But when we first met.....'
"ကိုယ်တို့စတွေ့တုန်းက...."

'I got so nervous...'
"ကိုယ်အရမ်းစိတ်လှုပ်ရှားပီး.."

'I couldn't speak...'
"ကိုယ်စကားတောင်မပြောနိုင်ခဲ့ဘူး.."

'In that very moment..'
"အဲ့ဒီအချိန်လေးမှာပဲ.."

သူ့နှလုံးသား💕Where stories live. Discover now