UNI
ဒီလိုနဲ့ဘဲ ကိုယ်တို့ရဲ့ရင်ခုန်စရာအချစ်ဇာတ်လမ်းလေးကစတင်ခဲ့တယ်။
တစ်နှစ်ပတ်လုံးမှာလည်းကိုယ့်ဘက်ကအထာပေးတွေမပျက်ခဲ့သလို Ohပေါက်စကလည်းအရှောင်ကောင်းခဲ့တယ်။
ဒါပေမဲ့ ကိုယ်တို့Anniနေ့မတိုင်ခင်တစ်ရက်မှာတော့ ကောင်မလေးတစ်ယောက်ကိုယ့်ဆီရောက်လာခဲ့တယ်၊ လက်ရေးလုံးလုံးလေးတွေမညီမညာနဲ့စာလေးအတူပေါ့။
"စီနီယာ့ကို Oh Se Hun Shiကပေးခိုင်းလိုက်လို့ပါ။ ဒီနေ့သေချာပေါက်ဖွင့်ဖတ်ပေးပါတဲ့။"
ရှောင်တုန်းကရှောင်နေပြီး အခုလိုသူငယ်ချင်းကောင်မလေးနဲ့စာပေးခိုင်းရဲတဲ့ ပေါက်စရဲ့သတ္တိကြောင့် မရယ်မိဘဲမနေနိုင်တော့။
စာလေးကိုဖွင့်ဖတ်နေတုန်း တဖြောက်ဖြောက်ကျလာတဲ့ မိုးရေစက်တွေကြောင့် မိုးမင်းကြီးကိုလည်းကျိန်ဆဲမိသေးသည်။
စာလေးကရိုးရှင်းပါတယ်။
//သားပါ၊ Oh Se Hun၊ မနက်ဖြန်ည Rodeo Stationရှေ့မှာစောင့်နေမယ်၊ Park Chan Yeol Hyungကို ပေးစရာရှိတယ်။ အာ..အဖြေပေးဖို့မဟုတ်ဘူးနော်။// တဲ့။
ကဲ! ဘယ်လောက်တောင်အသဲယားဖို့ကောင်းသလဲ?
"ကိုယ်စောင့်နေမယ်လို့ပြန်ပြောပေးပါ။"
ကောင်မလေးကိုပြန်ပြောလိုက်ပြီး ချက်ချင်းဆိုသလို Mallကိုထွက်လာခဲ့တယ်၊ မနက်ဖြန်တွေကို အရမ်းကိုမျှော်လင့်နေတာမို့ ပေါက်စအတွက်နာရီလက်ဆောင်လေးဝယ်ပေးဖို့လည်းမမေ့။
ဒီလိုနဲ့ဘဲ ကိုယ်တို့ရဲ့Anniနေ့လေးရောက်လာခဲ့တယ်။
9-Sep-2013
-Rodeo Stationစက်တင်ဘာဟာလည်းမိုးနှောင်းကောင်းနေမြဲ၊ Rodeo Station ရှေ့လမ်းမကြီးတွေမှာ မိုးရေတွေအလှဆင်လို့၊ လမ်းမီးပြပြလေးတွေကလည်း ပေါက်စစိတ်တွေကိုများပိုပြီးကျေနပ်နေစေသလား?
မိုးရေတွေနဲ့ဆော့ရတာကို သဘောကျတဲ့ကလေးငယ်လေးတစ်ယောက်ကတော့ လှမ်းကြည့်နေတဲ့သူ့ကိုပင်မြင်ပုံမပေါ်။
အနောက်ကနေတိတ်တိတ်လေးသွားလို့ ခါးသိမ်သိမ်လေးကိုဆွဲဖက်မိတော့၊
YOU ARE READING
ဆယ်နှစ်ဆယ်မိုး (Eden Contest) Uni & Zaw
RomanceUNI တိမ်တွေကသိပ်လှတယ်။ ဒါပေမဲ့ကျွန်တော့်လိုဘဲခဏတိုင်း အရောင်တွေပြောင်းတတ်တယ်။ ကျွန်တော်မရှိလည်း ရပ်တံ့မသွားတဲ့ နာရီလက်တံတွေရဲ့ အစပိုင်းတွေမှာတော့ ကျွန်တော်နုံခဲ့ပါတယ်။ လိုချင်တာဘဲသိတယ်။ ဘယ်လိုရအောင်ယူရမလဲဆိုတာ တကယ်မသိခဲ့ဘူး။ အခုတော့ကျွန်တော်ပါတဲ့ ခင...