UNI
8-Sep-2021
လွန်ခဲ့သောနှစ်တွေကအကြောင်းအရာတွေကိုပြန်တွေလို့ ကိုယ်ဟာမိုးလင်းလို့လင်းမှန်းမသိ၊ ရင်ခွင်ထဲပေါက်စလေးလှုပ်လာမှသာ သတိပြုမိသယောင်။
မျက်နှာချင်းဆိုင်က နံရံထက်မှာတော့ မနက်၁၀နာရီခွဲတိတိညွှန်ပြနေတဲ့နာရီလက်တံလေးကနေရာယူလို့၊ မိုးတွေကလည်းညိုနေသေးတယ်။
"မောင်~"
ရင်ခွင်ထဲကနေတုန်တုန်ရီရီနဲ့အသံလေးကြားတော့ခေါင်းလေးငုံ့လို့ ပေါက်စနှဖူးထက်အနမ်းချွေမိတယ်။
"မောင်မျက်ကွင်းတွေညိုနေတယ်။ တစ်ညလုံးမိအိပ်ဘဲမောင်ဘယ်သူ့အကြောင်းတွေတွေးနေတာလဲ?"
ကိုယ့်မျက်နှာကိုထိကိုင်လို့အသေအချာမေးလာတဲ့ပေါက်စလေးကြောင့်၊
"ဘယ်သူ့အကြောင်းတွေးရမှာလဲ?ဟော့ဒီ့ကမောင့်ပေါက်စလေးအကြောင်းပေါ့။"
ရယ်သံစွက်လို့ပြောမိတဲ့ကိုယ့်စကားတွေရဲ့နောက် ရင်ခွင်ထဲကပေါက်စရဲ့မျက်နှာလေးကပိုပြီးအားငယ်သွားသယောင်၊ ပြီးတော့ခပ်တိုးတိုးလေးရေရွတ်လာသည်က
"သားနားကြပ်မတပ်ထားရင်မကြားရဘူးလေမောင်ရယ်"တဲ့။
"မောင်တောင်းပန်ပါတယ်အချစ်ရယ်၊ မောင်သတိလွတ်သွားလို့ပါ။"
ပြောပြောဆိုဆိုထဖို့လုပ်တော့ပြန်ဆွဲချရင်း ကိုယ်ဗိုက်ပေါ်တက်ထိုင်လာတဲ့ပေါက်စ။
"ပေါက်စ!"
"မောင်ကလည်းအဲ့နားကြပ်ကြီးမတပ်ချင်ပါဘူးဆိုနေ! သားကိုအဲ့တာကြီးတပ်ထားမှလူရာဝင်တဲ့သူလိုမဆက်ဆံပါနဲ့"
"ပေါက်စရယ်~"
ငိုမဲ့မဲ့လုပ်ရင်းခွထိုင်နေတဲ့ကိုယ်လေးကိုရင်ဘတ်ပေါ်ဆွဲချလို့ တင်းကြပ်နေအောင်ဖက်ထားမိတယ်။
"မောင်တောင်းပန်ပါတယ်ကွယ်~"
"မောင့်~ အင့်~လွှတ်ဦး!!"
အတင်းရုန်းကန်လာတာကြောင့်လွှတ်ပေးလိုက်တော့ ကိုယ့်ကိုပြုံးကြည့်ပြီးကုတင်ပေါ်ကထထွက်သွားတဲ့ပေါက်စ။
KAMU SEDANG MEMBACA
ဆယ်နှစ်ဆယ်မိုး (Eden Contest) Uni & Zaw
RomansaUNI တိမ်တွေကသိပ်လှတယ်။ ဒါပေမဲ့ကျွန်တော့်လိုဘဲခဏတိုင်း အရောင်တွေပြောင်းတတ်တယ်။ ကျွန်တော်မရှိလည်း ရပ်တံ့မသွားတဲ့ နာရီလက်တံတွေရဲ့ အစပိုင်းတွေမှာတော့ ကျွန်တော်နုံခဲ့ပါတယ်။ လိုချင်တာဘဲသိတယ်။ ဘယ်လိုရအောင်ယူရမလဲဆိုတာ တကယ်မသိခဲ့ဘူး။ အခုတော့ကျွန်တော်ပါတဲ့ ခင...