Zawgyiခွန်းပိုင်အိရာကနိုးတော့အချိန်ကညနေရောက်နေပြီဖြစ်သည်။ရေချိုးပြီးခွန်းပိုင်အခန်းထဲကထွက်လာတော့စိုင်းတ်ုက်ခန်းကရှုပ်ပွမနေဘဲသပ်ရပ်နေသည်။
''နိုးပြီလား''
''အင်း''
''ညနေစာဘာစားမလဲ ပါစတာစားမလား''
''တော်ပြီ နွားနို့ရှိလား အဲ့တာဘဲသောက်တော့မယ်''
ခွန်းပိုင်မီးဖိုးနဲ့ကပ်လျက်စားပွဲမှာထိုင်လိုက်သည်။စိုင်းရေခဲသေတ္တာထဲကနွားနို့ကိုထုတ်ပြီးပြန်အပူပေးနေတာကိုလိုက်ကြည့်နေလိုက်သည်။
''ရော့''
''အင်း''
စိုင်းခွန်းပိုင်ကိုဘယ်လိုစကားစရမယ်မသိ။မတွေ့ခင်ကပြောစရာစကားတွေအများကြီးရှိနေပင်မဲ့အခုကျပြောရမှာတမျိုးဖြစ်နေသည်။ခွန်းပိုင်ကလည်းပိုအေးစက်စက်နိုင်သွားသလိုလိုခံစားရသည်။
ခွန်းပိုင်စိုင်းကိုနွယ့်အကြောင်းဘယ်ကစမေးရမယိမသိ။စိုင်းပုံစံကအခုကျအသဲကွဲနေတဲ့ပုံတော့မပေါ်တော့။ဒါမဲ့နှုတ်ခမ်းမွှေးရေးရေးလေးကိုတော့သဘောမကျ။
''မင်း နှုတ်ခမ်းမွှေးထားမလို့လား''
ခွန်းပိုင်မေးကာမှနှုတ်ခမ်းအပေါ်ကိုလက်နဲ့ထိကြည့်မိသည်။နှုတ်ခမ်းမွှေးတွေပေါက်နေသည်ဘဲ။
''မဟုတ်ပါဘူး ငါရိတ်ပစ်မှာ''
''အင်း ကောင်းတယ်''
''ခွန်းပိုင် မင်းပိုပြီးအေးစက်စက်
နိုင်သွားတယ်''''ဟုတ်လား ငါလူတွေနဲ့သိပ်စကားမပြောဖြစ်
တော့လိုနဲ့တူတယ်''မင်းမှမဟုတ်တာငါစကားပြောရအောင်အဲ့သူတွေကမင်းမှမဟုတ်တာ။
''မင်း အဆင်ပြေရဲ့လား''
''နွယ့်ကိစ္စလား''
ပူနွေးနွေးဖြစ်နေတဲ့နွားနို့ခွက်ကိုမော့သောက်လိုက်ပြီးခေါင်းညိမ့်ပြလိုက်သည်။မေးလိုက်တော့စိုင်းကသက်ပြင်းရှည်ချပြီး။
''အဆင်ပြေပါလိမ့်မယ် မင်းရောက်လာပြီလေ''
စိုင်းရဲ့အနှောင့်အသွားမလွတ်တဲ့စကားကြောင့်ခွန်းပိုင်စိုင်ကိုကြည့်လိုက်သည်။ဘာအဓိပ္ပါယ်နဲ့ပြောသလဲစိုင်းရယ်။
YOU ARE READING
Love is blind(completed)
Romanceမောင်အတွက်ငါ့ရင်ကွဲလည်းရတယ်။မောင့်အတွက်ငါ့ဂုဏ်သိက္ခာကိုမြောင်းထဲထည့်ပစ်လိုက်လဲရတယ်။ မောင့်အတွက်လို့ခေါင်းစဥ်တပ်လိုက်ရင်ဒီလူကအသက်တောင်ပေးမှာပါ။ မောင်ငါ့ကိုချစ်ခဲ့ရဲ့လား။ ^^own creation^^