UNICODE
'' မစားသေးဘူးလား ခွန်းခွန်း!! "
မနက်စာကိုစားချင်တာမစားရတာကြောင့်မစားဘဲအင်တင်တင်လုပ်နေသောခွန်းပိုင်ကိုသူ့မေမေကဆူပူနေတာကြောင့်သူ့မျက်နှာကြီးဆူပုတ်ကာထမင်းစားဝိုင်းမှာထိုင်နေလိုက်သည်။
ခွန်းပိုင်နန်ကြီးသုပ်မကြိုက်ဘူး။မကြိုက်တဲ့အတွက်မစားဘူး။မေမေကြိုက်သလောက်ဆူပေါ့။ခွန်းပိုင်ကတော့သူမကြိုက်ဘူးဆိုရင်ထိတောင်မကြည့်တတ်။အကြောကလည်းတင်းသည်။
'' ခွန်းပိုင်ရေ ခွန်းပိုင် "
အိမ်ရှေ့ကနေအော်ခေါ်ခါကာအသံစွာကျယ်ကျယ်နဲ့အိမ်ထဲကိုဝင်လာတဲ့စိုင်းကိုကြည့်လိုက်ပြီးခွန်းပိုင်မျက်နှာပို၍ဆူပုတ်လာသည်။
'' ကျောင်းသွားဖို့လာခေါ်တာကလဲ အစောကြီး "
''ဟျောင့်ဒီနေ့ကငါ့အသင်းနေ့ဟ "
''စိုင်းအသင်းလေ ငါ့အသင်းမှမဟုတ်တာ"
''ဘာတွေဖြစ်နေတာလဲ ခွန်းပိုင် မျက်နှာကလည်းစူပုတ်လို့ ပြောတာကလဲအပေါက်အလမ်းမတည့်"
''မသီဘူးကွာ သွားမယ်ထ"
စိုင်မေးတာကိုဆက်ဖြေရအောင်ထိစိတ်မကြည်တာမို့ထမင်းစားစာပွဲမှာတင်ထားတဲ့လွယ်အိတ်ကိုယူကာကျောင်းသို့ထွက်လာခဲ့ကြသည်။
''စိုင်း အသင်းဆို အခန်းဘက်သွားမယ်လေ "
ကျောင်းရောက်ရောက်ချင်းခွန်းပိုင့်လက်ကိုဆွဲကာမုန့်ဈေးတန်းဘက်သို့သွားနေတဲ့စိုင်းကြောင့်ခွန်းပိုင်ကြောင်ကာစိုင်းနောက်သို့ယက်ကန်
ယက်ကန်နဲ့ပါသွားရင်းအသင်းဆိုတာကိုသတိပေးရသည်။''ထိုင် ဒီနားလေးမှာ ငါပြန်လာခဲ့မယ်"
''စိုင်း အသင်းနော်"
'' အဲ့အသင်းဆိုတာအရေးမကြီးဘူး"
အသင်းမလို့အိမ်ကိုအစောကြီးလာခေါ်တာလည်းစိုင်းဘဲ။အခုကျတော့လည်းအသင်းကအရေးမကြီးပြန်ဘူးတဲ့။
ပြန်လာပါပြီ။မုန့်ဈေးတန်းဘက်ကနေလက်ထဲမှာလည်းကော်ဖီအေးတစ်ဗူး၊ပေါင်မုန့်တစ်ထုပ်နဲ့။
KAMU SEDANG MEMBACA
Love is blind(completed)
Romansaမောင်အတွက်ငါ့ရင်ကွဲလည်းရတယ်။မောင့်အတွက်ငါ့ဂုဏ်သိက္ခာကိုမြောင်းထဲထည့်ပစ်လိုက်လဲရတယ်။ မောင့်အတွက်လို့ခေါင်းစဥ်တပ်လိုက်ရင်ဒီလူကအသက်တောင်ပေးမှာပါ။ မောင်ငါ့ကိုချစ်ခဲ့ရဲ့လား။ ^^own creation^^