episode [ 3 ]

624 104 11
                                    

(unicode)

ဂျောင်ကု အိပ်ယာ‌ပေါ်တွင်လူးလွန်းကာ တစ်ဖက်နေရာလွတ်သို့ လက်စမ်းမိသွားသည်။ ပွင့်သွားသည့် သူ့မျက်လုံးတွေကို လွတ်နေသည့်ခေါင်းအုံးတစ်လုံးကကြိုဆိုနေသည်။ ဂျောင်ကု ထထိုင်လိုက်မိသည်။ အချိန်က ရှစ်နာရီစွန်းစွန်းရှိနေပြီဖြစ်သည်။ ဒီအချိန်လောက်ဆို အစ်ကိုဟိုဆော့
ဆိုင်ရောက်နေပြီဖြစ်လိမ့်မည်။

ဂျောင်ကု ခြေထောက်နားမှ စောင်ကိုကန်ထုတ်လိုက်ကာ အိပ်ယာပေါ်မှထလိုက်သည်။ ရေချိုးခန်းထဲဝင်လိုက်ချိန် သွားတိုက်ဆေးအဆင်သင့်ထည့်ထားသည့် သွားတိုက်တံတစ်ခုကိုမြင်တော့ သူနှစ်နှစ်ခြိုက်ခြိုက်ပြုံးမိသည်။ ဒီပုံအတိုင်းဆို သူဒီအိမ်မှာပဲ တစ်သက်လုံးနေချင်စိတ်ဖြစ်သွားလိမ့်မည်ထင်သည်။

မနေ့ကချွတ်ထားသည့် ကုတ်အရှည်ကို လက်မှကိုင်ကာ ဂျောင်ကု အခန်းပြင်ထွက်လာလိုက်သည်။ ထမင်းစားပွဲတွင် အစိမ်းရောင်အုပ်စောင်းငယ်လေးတစ်ခုက တည်ငြိမ်စွာတည်ရှိသည်။ ကုတ်အရှည် တစ်ဖက်ခုံအလွတ်ပေါ်တင်လိုက်ကာ အုပ်စောင်းလေးကို ဖွင့်ကြည့်လိုက်သည်။ ပန်းကန်းတစ်ခုထဲတွင် ပေါင်မုန့်နှင့်ကြက်ဥ‌ကြော်တစ်ခုပေါ်တွင် ဝက်အူချောင်းလေးများဖြင့် ပြုံးနေသည့်မျက်နှာတစ်ခုကို ပုံဖော်ထားသည်။

ထိုပန်းကန်ကိုကြည့်ကာ ဂျောင်ကုအားရပါးရရီလိုက်မိသည်။ အမေတစ်ယောက်က မူကြိုတက်မည့် သူ့ကလေးအတွက်ပြင်ပေးထားသည့်မနက်စာဟုပင်ထင်ရသည်။ ပန်းကန်ဘေးစားပွဲပေါ်တွင်ကပ်ထားသည့်အဝါရောင်noteစာရွက်လေးကို ဂျောင်ကု တွေ့သည်။

"မနက်စာပြင်ထားခဲ့တယ် စားဖြစ်အောင်စားသွား ကော်ဖီနှပ်ပြီးသားဂျောင်ကု ကိုယ့်ဘာသာဖျော်သောက်လိုက်တော့ ကြိုဖျော်ထားခဲ့ရင်
မင်းနိုးလာတဲ့အခါ အေးသွားမှာဆိုးလို့"

အဆုံးတွင်ဆွဲထားသည့် အပြုံးပုံလေးတစ်ခုက
ဒီစာရေးသွားတဲ့သူကို တန်းပြီးမြင်ယောင်စေသည်။ ဂျောင်ကု ခုံကိုဆွဲကာထိုင်လိုက်သည်။ ပေါင်မုန့်နှင့်ကြက်ဥ‌ကြော်ကိုအနည်းငယ်ဖဲ့ကာ စားလိုက်ပြီးနောက် လက်ထဲကnoteစာရွက်လေးအား သူကြည့်ရင်းပြုံးမိသည်။

𝖨'𝗆 𝗇𝗈𝗍 𝖻𝖺𝖻𝗒 𝖺𝗇𝗒𝗆𝗈𝗋𝖾Tempat cerita menjadi hidup. Temukan sekarang