Unicode
ဂျင်တစ်ယောက်ဒီနေ့အလုပ်စဆင်းရမဲ့နေ့ဖြစ်တာကြောင့်အတော်ပင်ပျော်ရွှင်နေမိတယ်ဂျင်မှန်လေးကြည့်ရင်းအကျီလေးဝတ်နေရာမှဖုန်းလာသောကြောင့်
Jin:ဟယ်လို
Tae:ဆော့ဂျင်ဒီနေ့အားလား
Jin:ကျွန်တော်ဒီနေ့အလုပ်စဆင်းတော့မလို့ပါ...ထယ်ယောင်းဘာကိစ္စရှိလို့လဲဗျ
Tae:ကိစ္စရယ်တော့ထွေထွေထူးထူးမရှိပါဘူးဆော့ဂျင်ကိုသတိရလို့လေအဲတာမနက်စာအတူစားရင်ကောင်းမလားဆိုပြီးလှမ်းခေါ်လိုက်တာပါ
Jin:အာ~~အားနာလိုက်တာထယ်ယောင်းရယ်ကျွန်တော်အလုပ်မသွားရဘူးဆိုရင်တော့လိုက်ခဲ့မှာပါအခုကအလုပ်ကဒီနေ့မှစဆင်းရမှာဆိုတော့နောက်ကျလို့လည်းမဖြစ်လို့ပါ
Tae:ရပါတယ်အခုဆော့ဂျင်မအားတော့နောက်ဆော့ဂျင်အားတဲ့နေ့ကိုယ်ခေါ်ရင်မငြင်းနဲ့နော်
Jin:ဟုတ်ကဲ့ဗျ အဲတာဆိုကျွန်တော်ဖုန်းချလိုက်တော့မယ်နော်ထယ်ယောင်း အလုပ်သွားရတော့မှာမလို့
ဂျင်လည်းထယ်ယောင်းနဲ့ဖုန်းပြောပြီးသူ့ဖုန်းလေးကိုအလုပ်အိတ်ထဲထည့်ရန်ပြင်တုံးဖုန်းဝင်လာတာေကြာင့်
Jin:ဟယ်လိုhyung
Hoseok:ဂျင်အလုပ်သွားနေပြီလား
Jin:ဟုတ်ကဲ့hyungအခုပဲသွားတော့မလို့
Hoseok:အဲတာဆိုhyungလိုက်ပို့မယ် hyungဂျင်တိုက်ခန်းရဲ့ကားပါကင်မှာစောင့်နေတယ်
Jin:ဟုတ်..ဟုတ်ကဲ့
ဂျင်လည်းတံခါးလေးသေချာပိတ်ကာအလုပ်အိတ်လေးလေးကိုလွယ်ရင်းဟိုဆော့စောင့်နေတဲ့ကားပါကင်လေးစီသွားကာဟိုဆော့လည်းဂျင်ကိုကားအပြင်လေးထွက်စောင့်နေရင်း
Hoseok:ဂျင်hyungဒီမှာ လာဝင်
ဟိုဆော့လည်းဂျင်ကားလေးထဲဝင်ရန်တံခါးလေးဖွင့်ပေးရင်းဂျင်တစ်ယောက်လဲကားလေးထဲဝင်ပြီးဟိုေဆာ့ပါကားလေးထဲဝင်ကာကားလေးကိုစတင်မောင်းလိုက်တော့တယ်
Jin: hyungဂျင်ကိုပြောစရာရှိလို့လား
Hoseok:မရှိပါဘူးဂျင်ရဲ့ hyungကဂျင်အလုပ်ကိုလိုက်ပို့ချင်လို့ပါနောက်ပြီးဂျင်အလုပ်ကhyungအလုပ်သွားမဲ့လမ်းနဲ့လမ်းကြုံလို့လေ
