Unicode
*ဒီအပိုင်းလေးကိုအနည်းငယ်Warningပေးပါရစေ*
မီးဖိုချောင်လေးထဲမှာဟင်းလေးချက်နေတဲ့ဆော့ဂျင်ရဲ့ခါးေလးကိုလာဖက်တဲ့လက်တစ်စုံကြောင့်ဆော့ဂျင်ဟင်းလေးချက်နေရင်းနဲ့
Jin: hyung....ဒီနေ့လည်းအိမ်မပြန်ဘူးလား
ဟိုဆော့ဆော့ဂျင်ရဲ့ပခုံးလေးပေါ်မေးလေးတင်ရင်းခေါင်းလေးခါကာ
Hoseok: hyungပင်ပန်းလို့ပါ....ဂျင်လေးနဲ့သာhyungအတူမရှိနေရရင်hyungသေသွားမလားတောင်မသိဘူး
ဟိုဆော့ပြောလာတဲ့စကားကြောင့်ဆော့ဂျင်ဟိုဆော့ဘက်လေးကိုလှည့်လိုက်ပြီးဆော့ဂျင်ရဲ့လက်လေးများဟာဟိုဆော့ရဲ့ခါးလေးကိုဖက်ကာခေါင်းလေးကိုလည်းဟိုဆော့ရဲ့ရင်ခွင်ထဲမှီလိုက်ပြီး
Jin: hyung...နောက်တစ်ခါအဲ့လိုသေမဲ့စကားတွေမပြောပါနဲ့နော်
Hoseok:အင်းပါ....နောက်တစ်ခါဂျင်လေးမကြိုက်တာမပြောတော့ဘူးနော်
Jin:ဟုတ်ကဲ့... hyungရေအရင်ချိုးမလား...ဒါမှမဟုတ်ထမင်းအရင်းစားမလား
Hoseok: hyungရေအရင်သွားချိုးလိုက်မယ်လေ
Jin:အဲတာဆိုမြန်မြန်လုပ်နော်....မိုးချုပ်နေပြီအအေးပတ်မယ်
Hoseok:ဟုတ်ကဲ့ပါဗျ
ဟိုဆော့လည်းဆော့ဂျင်ရဲ့မေးစေ့လေးကိုလက်လေးဆွဲကာရေချိုးခန်းလေးထဲသို့ဝင်သွားတော့တယ်
*အခုဆိုဂျီမင်hyungတောင်ဆုံးသွားတာတစ်လပြည့်သွားပြီ...ဂျီမင်hyungဆုံးပြီးနှစ်ရက်လောက်နေတော့ကျွန်တော့်ကိုလည်းရဲတွေစစ်ဆေးစရာရှိလို့ဆိုပြီးစခန်းကိုခေါ်သွားသေးတယ်....ရဲမှုးတွေကကျွန်တော့်ကိုထယ်ယောင်းထင်သလိုပဲထင်ကြတာပေါ့...ဘာလို့ဆိုအဲ့စာရွက်ထဲမှာကကျွန်တော့်နာမည်ကင်ဆော့ဂျင်ဆိုတဲ့စားလုံးကြီးပါနေတာကို.....
ကျွန်တော်လည်းရဲတွေမေးတာကိုအမှန်တိုင်းဖြေခဲ့တယ်....ကျွန်တော်ငယ်ငယ်လေးထဲကနေအခုချိန်ထိလုံးဝမရှုပ်မပွေသလိုရည်းစားတနှာထားဖို့ဆိုတာစိတ်ကူးထဲတောင်မရှိတဲ့အကြောင်းသူတို့မေးသမှျမျိုးစုံကိုဖြေခဲ့ရတာပေါ့....
