HE (Part 1)

1.6K 102 48
                                    

HE (Part1)

သူနဲ့....... ကျတော် တခါမှ မတွေ့ဖူးသေးချိန်ကတည်းကပင် ကျတော်တို့ရဲ့ မိဘ အချင်းချင်းက အတော့်ကို ရင်းနှီးခဲ့ကြတယ်.. အချင်းချင်း
မိတ်ဆွေ သူငယ်ချင်း အရင်းကြီးတွေ....
စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ကြတယ်

သူရဲ့ နာမည်က Kim Seok Jin (Jin) ပါတဲ့..
သူက ကျတော့်ထက်၃နှစ်ကျော်ကျော်လောက်ကြီးပြီး သူ့မိဘလုပ်ငန်းတွေမှာ ဝင်ရောက်ဦးစီးနေပီတဲ့... (ကျတော့်ထက်တော့ အသက်နည်းနည်းပဲ ကြီးပေမယ့် အတော်လေး ရင့်ကျက်နေပုံရတယ်) ကျတော် သူနဲ့ မဆုံဖူးပေမယ့် သူကအရမ်းထက်မြက်ပြီး ချောမောတယ်ဆိုတဲ့ စကားကိုတော့ ကျတော့်မိဘတွေဆီကနေ အကြိမ်ကြိမ် ကြားခဲ့ဖူးတယ်..

သူနဲ့ တစ်ကြိမ်တစ်ခါမှ မတွေ့ဖူးသေးပေမယ့်
ကျတော် သူ့ကို မတွေ့ရခင်ကတည်းက ကြိုပြီး ရင်ခုန်မိနေတာတော့ အမှန်ပေါ့နော် (ရင်ခုန်မိတယ်ဆိုတာ...ချစ်ခြင်း မုန်းခြင်းတွေမပါပဲ... မတွေ့ဖူးသေး၍ ကြိုတင် ရင်ခုန်မိခြင်းသာဖြစ်၏.. )

သူ့အကြောင်း ပြောရင်းနဲ့...ကျတော့်အကြောင်းပါ တစ်ခါတည်း မိတ်ဆက်လိုက်ပါတယ်...
ကျတော်က Kim V ပါ အများစုက ကျတော့်ကို V လို့ခေါ်ကြပါတယ်.. ကျတော်က တက္ကသိုလ်နောက်ဆုံးနှစ်ကျောင်းသားတစ်ယောက်ဖြစ်ပြီး
ငယ်ငယ်ကတည်းက ရုပ်ရည်ချောမောပေမယ့် ချစ်သူရည်းစားတစ်ခါမှ မထားဖူးသေးတဲ့ ကောင်လေး တစ်ယောက်ပါ..
ဖေဖေ မေမေတို့ရဲ့ဂရုစိုက်ယုယကြင်နာမှုတွေကြားမှာ ပျော်ရွှင်စွာ ကြီးပျင်းလာတဲ့ ကောင်လေးပေါ့..

-------------------------------

ဒီလိုနဲ..တစ်နေ့မှာ ကျတော်မိဘတွေ ဆီက ကြားရလိုက်တဲ့ စကားတွေကြောင့် ကျတော် တော်တော်လေးထိတ်လန့် သွားခဲ့တယ်...

အကြောင်းမှာ....

ကျတော် အရွယ်ရောက်ချိန်မှာ သူနဲ့ ကျတော့်ကို
လက်ထပ်ပေးဖို့ ကျတော်တို့ရဲ့ မိဘတွေ အချင်းချင်း ကတိပြုထားကြတယ် တဲ့..

ကျတော် က အခုမှ အသက် ၂၀ပင်မပြည့်သေး
ကျတော် လက်ထပ်ဖို့ဆိုတာ တွေးတောင်မတွေး မိထားသေးတဲ့ အချိန်... ဒီလို စကားမျိုး ကြားရတာ ကျတော်အတွက် စိုးရိမ်ကြောက်လန့်စရာ အခြေအနေကြီးပေါ့... ကျတော် အသားကုန် ငြင်းတယ် လက်မထပ် ချင်ဘူး....
ကျတော် အသက်ငယ်ငယ်ပဲရှိသေးတယ်
ပြီးတော့... တစ်ခါ မတွေ့ဖူး မမြင်ဖူးတဲ့ သူတစ်ယောက်ကို ကျတော့် ဘဝရဲ့ လက်တွဲဖော်အဖြစ်
ရွေးချယ်ဖို့ဆိုတာ...စဥ်းစာကြည့်လေ ဘယ်လိုမှ မဖြစ်နိုင်တဲ့ ကိစ္စကြီးဆိုတာ အသေအချာပဲလေ

𝐇𝐄Where stories live. Discover now