HE (The End)

935 53 32
                                    

Unicode ♥

ည နေ ~ ~နေဝင်ခါနီး သူ လာကြိုမယ့်အချိန်
စောင့် နေရင်း.... ကျတော့် ဖုန်းသံလေး ရုတ်တရက်မြည်လာခဲ့တယ်...

သူ.... ဖုန်းခေါ်လေပြီ~ ~

''Hello ကိုကိုရေ... ကျတော် ကျောင်းမှာပဲစောင့်နေမယ်နော် အလုပ်တွေ ပြီးပြီလားဟင်...''

''ကိုကို ~ ~ အခုပဲ ထွက်လာမလို့ ဖုန်းဆက်တာ ကလေးရေ... စောင့်နေနော် ကိုကိုလာပြီ..''

''ဟုတ်....''

~ ~ ~

နောက် နာရီ ဝက်လောက် နေတော့ သူ ရောက်လာခဲ့ပြီ ~

ကျတော်... သူ့ ဆီ အပြေးလေးသွားပြီး..

''ကိုကို ကလဲ ကြာလိုက်တာ...ဟွန်း...''
ကျတော်မျက်နှာကို စူပုတ်ပြလိုက်၏....

''ကလေးက ကိုကို့ကိုလွမ်းနေတာလား...''

''ဟာ...မဟုတ်ပါဘူး...စောင့်ရတာကြာနေပီ ပြောတာလေ...''

သူက မပြောမဆို ရုတ်တရက်ကြီး
ကျတော့်ပါးလေး ကို နူးညံ့ညင်သာစွာ... နမ်းရှိုက်လိုက်၏...😘

ကျတော် အငိုက်မိသွား ခဲ့ပြီလေ....
သူ့ အနမ်းတွေ ခနခန ရရှိဖူးတဲ့ ကျတော်ဟာ...
သူ့အနမ်းတွေကို လက်ခံရရှိတဲ့အချိန်တိုင်း...
ကမ္ဘာကြီးတစ်ခုလုံးမှာ' ကျတော်နဲ့သူ 'နှစ်ယောက်ထဲရှိသလိုမျိုး အရာရာအားလုံးပြည့်စုံ
သွားသလိုခံစားရတာ အခါခါပေါ့....

ကျတော် ခနမျှရပ်တန့်ပြီးမှ အသိပြန်ဝင်လာတော့...သူ့ကို ဖွဖွလေး တွန်း လိုက်ရင်း....ကျတော့်ဘေးပတ်လည်ကို ဟိုကြည့်ဒီကြည့်နဲ့....

''ဟာ.... ကိုကို ကလဲ....''
ကျတော်ရှက်ပြီး မျက်နှာတွေနီရဲလာတော့တယ်
အဲ့အချိန် ဘာမှ ပြန်မပြောပဲ ပြုံးပြုံးကြီး ကြည့်နေတဲ့သူ့ကို ကျတော်က ပဲ စပြီး...

'' ကျတော့်ကို ကားသော့ပေး...သွားရအောင်နော်...''

သူက ကျတော့် ထံ ကားသော့ကို ညှင်သာစွာ ကမ်းပေးရင်း....

ကျတော်ကားမောင်းခဲ့ တယ် ကျတော့်အချစ်ဆုံး သူ ကတော့ ကျတော့်ဘေးမှာ... အပြုံးတွေအပြည့်နဲ့ လိုက်ပါလာခဲ၏...

''ကျတော်... နောက်အပတ်ထဲမှာ Final examရှိတယ်...''

''ဟုတ်လား... ကိုကို့ ကလေးက လူကြီး ဖြစ်ပြီပေါ့ ဘွဲ့တောင်ယူတော့မယ်...''

𝐇𝐄Where stories live. Discover now