HE (Part 9)

472 57 7
                                    

Unicode 💔

တကယ်လို့ ဘဝမှာ ကြည်နူးစရာတွေချည်းပဲဆို.. နေရတာ ဘာလိုမှ အဓိပ္ပါယ်ရှိမှမဟုတ်ဘူးလေနော်...ဒီလိုပါပဲ သူ နဲ့ ကျတော့်ကြားမှာ ဘယ်လို လောကဓံ မျိုး ဘယ်လို မုန်တိုင်းမျိုး
ဝင်မွှေအုံး မလဲ မသိလေတော့ ကျတော်စိတ်ချ လက်ချမပျော်နိုင်သေးပါဘူး...

================================

အဲ့နေ့က ကျတော်ကျောင်း သွား ပြီး... အိမ်ကို စောစောပြန်ရောက်ခဲ့တယ်...
သူကရုံးနောက်ကျမယ် ကျတော့်ကို ကြိုဖုန်းဆက်ထားလေတော့...ကျတော်သူ့စာဖတ်ခန်းထဲ
စာလုပ်ဖို့ သွားခဲ့၏..

အခန်းထဲရဲ့ စာဖတ်ခုံ မှာပဲ စာလုပ်ရင်း တစ်နာရီလောက်ကြာတော့..ကျတော် အညောင်းဖြေရင်း သူစားပွဲ အံဆွဲတွေကို လှန်လှော ဖွင့်ကြည့်ပြီး စပ်စုနေတုန်း....

ကျတော်တွေ့လိုက်ရတာက... သူကျောင်းသား ဘဝရိုက်ထားတဲ့ Photo Album တစ်ခုပါ
(သူက ငယ်ငယ်ထဲက ချောတယ်ဆိုတာ...ဒီပုံလေးတွေက သက်သေပါပဲ)
ကျတော်လှန်ရင်း ကြည့်ရင်း နဲ့ Albumတစ်ခုလုံးပြီးသွားတယ်...အဲ့ဒီချိန် ကျတော့်အာရုံကို ဖမ်းစားလိုက်တာက... အံဆွဲ ထဲက စာရွက်စာတမ်းတွေပါတဲ့ အမဲရောင်ဖိုင်တွဲတစ်ချို့ပါပဲ...ကျတော် သိချင်စိတ်တွေ တဖွားဖွားပေါ်လာတယ် ဘာစာရွက်တွေပါလိမ့်ပေါ့...

ကျတော် ချက်ချင်းပဲ ယူကြည့်လိုက်တော့...
စာချုပ်တစ်ခု....... အဲ့ ဒါ က.....ကျတော့်ကို....
မှင်သက်သွား စေခဲ့တယ်............

အဲ့ဒီစာချုပ်က......

သူ့ရဲ့ မိဘတွေက... သူ့ကို ကျတော်နဲ့ လက်ထက်ခဲ့ရင်ဘိုးဘွားပိုင် အမွေတွေ နဲ့ တခြားရှယ်ယာတွေကိုပါ သူ့ကိုပေးမည်ဖြစ်ကြောင်း ရေးထားတဲ့ စာချုပ်စာတမ်းတွေပါ.....

ကျတော်ဖတ်ပြီး အဲ့ နားမှာတင် မေ့လဲတော့
မလို့... ကျတော့်ကိုယ် ကျတော် မနဲ ထိန်းထားနေ
ရတယ်...

သူဘာလို့ ကျတော့် အပေါ် ဒီလိုလုပ်ရက်ရတာလဲ
သူ ဘာလို့ ကျတော့်ကို ဟန်ဆောင်ပြီးဆက်ဆံနေရတာလဲ
သူ ကျတော့်ကို နဲနဲလေးတောင်ချစ်ခဲ့ရဲ့လား
သူ့ကို ကျတော် အခုချိန်မှာမျက်နှာချင်းမဆိုင်ချင်တော့ဘူး သူ့ကို မတွေ့ချင်တော့ဘူး..
ကျတော် သူနဲ့ ဝေးရာကို ထွက်ပြေးချင်မိတယ်
ဒါကြောင့်ပဲ....သူမလာခင်... အမြန်ဆုံး
ကျတော့် အိမ် ကျတော် ပြန်ဖို့ ဆုံးဖြတ်လိုက်
တော့တယ်..

𝐇𝐄Where stories live. Discover now