ရိပေါ် စဉ်းစားနေမိတယ်ကိုကိုကဟိုတခါအပြင်ကပြန်လာကတည်းနဲအရင်လိုပျော်မနေ...
အစာလည်းသိပ်မစားသလိုစကားလည်းသိပ်မပြော...
အဲ့ဒီနေ့ကဘယ်သွားလည်း၀မ်နင်ကိုစုံစမ်းခိုင်းတော့ရှောင်အိမ်တော်ကိုတဲ့...
အခုတလောရှောင် ကုမ္ပဏီ ကသူ့ရဲ့လုပ်ငန်းတချို့ကိုလုယူချင်နေတာတွေ့ရတယ်...
ကိုကိုကဒီကိစ္စနဲ့များပတ်သတ်နေတာလား...
ပြီးတော့ကိုကို့မှာအမေရှိတယ်ဆိုအဲ့ဒီအမေကဘယ်ရောက်နေတာလဲ...
သူ့စိတ်ထဲတွေးမိတယ်ကိုကိုကလျှိ့ဝှကခ်ျက်တွေသိပ်များတယ်
ခံစားရရင်လည်းတျောက်ထဲကြိတ်ခံစားတယ်...
ကိုကိုနဲ့တွေ့မှမောင့်ဘ၀ကတဖန်ပြန်လည်ရှင်သန်လာတာပါ..
ကိုကိုလိုအပ်တာတွေကိုဖြည့်စည်းပေးမယ်...
အယောင်ဆောင် ဆိုပြီးမုန်းချင်ခဲ့ပေမဲ့ချစ်မိခဲ့ပြီ...
အခုဆိုသူ့ခြေထောက်တွေလည်းအကောင်းနီးပါးကောင်းနေလေပြီ...
နောက်ဆိုသူကိုကို့ကိုလိုလေသေးမရှိအောင်ကာကွယ်နိုင်တော့မယ်...
ရှောင်ကျန့်လည်းဒီရက်ပိုင်းစဉ်းစားရခက်နေလေပြီ...
သူရိပေါ်ကိုလည်းမပြောချင်ပြောလိုက်လို့ရှောင်အိမ်ကိုအပစ်တင်မှာလည်းစိုးတယ်ဘယ်လိုနေနေရှောင်အိမ်ကသူကြီးပျင်းရာနေရာလေ...
ရှောင်ကျန့်မသ်ိတာ၀မ်အိမ်တော်ရဲ့နေရာတိုင်းမှာCCTVတွေရှိနေခဲ့တာ..
ရှောင်ကျန့်ရိပေါ်ရဲ့အလုပ်ခန်းထဲ၀င်ပြီးစာရင်းဖိုင်တွေကိုရှာလိုက်တယ်...
''ဘာတွေရှာနေတာလဲ´´
နောက်ကနေရုတ်တရက်ထွက်လာတဲ့အသံကြောင့်ရှောင်ကျန့်ကိုယ်လေးတုန်တက်သွားတယ်...
''ဘာမှမဟုတ်ပါဘူးမောင်...စာပွဲပွနေလို့ရှင်းပေးတာပါ´´
''aww...မောင်ကဒီဖိုင်ကိုရှာနေတယ်မှတ်လို့´´
''ဘာလို့ရှာရမှာလည်းမရှာပါဘူး...
မောင်ထမင်းစားတော့မှာလားကိုကိုပြင်ပေးမယ်´´
YOU ARE READING
ချစ်ရပါသော...(U&Z)
Fanfictionငါ့ကိုယူမဲ့သူကတောင်လန့်နေရင်ဒီမဂ်လာဆောင်ကဖျက်လိုက်တော့.. Wang Yibo ကျွန်တော်ဝမ်သခင်လေးကိုခင်ပွန်းအဖြစ်လက်ခံပါတယ် Xiao Zhan