ထိုနေ့တော့ရှောင်ကျန့်သူ့အမေဆီမသွားလိုက်ရပေ...
"ကော..."
"ဘာလည်း..."
"ကောရလည်းချိုချိုသာသာလေးထူးပါ....
ကောကကျွန်တော့ကိုခွင့်မလွတ်သေးဘူးလား..,"ဖန်ရှင်းသူ့ရှေ့မှာစကားလာပြောနေတဲ့ဝမ်နင်ကြောင့်အလုပ်ပင်အာရုံမစိုက်နိုင်...
အစကတော့သူကြည့်မရပေမဲ့မြင်ရတာတွေ့ရတာများလာတော့ခင်တွယ်လာတယ်...
ဒါပေမဲ့စကားကတော့ချိုချိုသာသာမပြောခဲ့...
ဝမ်နင်ကြည့်ရတာသူ့ကိုခင်တွယ်လွန်းတယ်...
ဒါပေမဲ့သူ့ရဲ့ခင်မင်မှုတွေကမရိုးသလို..ဒါကိုသူလည်းသတိထားမိတယ်..
ဒါပေမဲ့သူကgayမှမဟုတ်တာ...
ဖန်ရှင်းတွေးသာနေလိုက်တယ်...
တဖက်မှာလည်းရိပေါ်ဒေါသထွက်နေလေပြီ..
အကြောင်းကတော့..
ရှောင်ကျန့်ရဲ့အမေပျောက်သွားလို့ပင်...
လူတွေအစောင့်ချထားရဲ့နဲ့ရအောင်ခေါ်ထုတ်သွားတယ်...
သူကိုကို့ကိုဘယ်လိုမျက်နှာပြရမှာလည်း...
ရှောင်ကျန့်ကတော့မနိုးသေးပေ..
သူဒီအကြောင်းကိုကိုကို့ကိုသတိမပေးနိုင်သေး...
ဘာလို့ဆိုကိုကိုသိသွားရင်စိတ်ပူနေမှာစိုးလို့..
ရိပေါ်ရှောင်ကျန့်ကိုတော့မသွားချင်အောင်ဖြောင်းဖျရအုန်းမယ်...
"မောင်...'
"အင်း...ကိုကို..နိုးလာပြီလား'
"အင်း...မောင်ဘာဖြစ်လို့လဲ..မျက်နှာလည်းမကောင်းပါလား.."
"ဘာမှမဖြစ်ပါဘူး.....ကိုကိုမောင်တို့ခရီးထွက်ရအောင်.."
"ဟင်...ရုတ်တရက်ကြီး"
"ကိုကိုကမသွားချင်ဘူးလား..."
"သွားမှာပေါ့...ဖန်ရှင်းတို့ရောခေါ်ရအောင်"
"ကိုကို့သဘော.....ဒါနဲ့ဘယ်ကိုသွားချင်လဲ"
"ကမ်းခြေ..."
YOU ARE READING
ချစ်ရပါသော...(U&Z)
Fanfictionငါ့ကိုယူမဲ့သူကတောင်လန့်နေရင်ဒီမဂ်လာဆောင်ကဖျက်လိုက်တော့.. Wang Yibo ကျွန်တော်ဝမ်သခင်လေးကိုခင်ပွန်းအဖြစ်လက်ခံပါတယ် Xiao Zhan