Zawgyi
"မေမေ့ သဘောပါ"
ထပ်လုပ်ပြန်ပီလား မေမေ....
လောကကြီးကိုမြင်ခွင့်မရှိဘဲ မွေးဖွားလာရတဲ့ဘဝမှာ ကျွန်တော်မြင်နိုင်တဲ့တစ်ခုတည်းသောအရာက အမှန်တရား..
အမှားနဲ့အမှန်ကို ခွဲခြားတတ်တဲ့ အသိဉာဏ်ကိုတော့ ဘုရားရှင်ကပေးသနားခဲ့သေးသည်ပဲ ဒါကိုမေမေဟာ အမြဲတမ်းလျစ်လျူရှုမြဲ.....မေမေသည်တိုင်ပင်တာမျိုးမဟုတ်ပါဘဲ အသိပေးခြင်းအမှုကိုသာ ပြုသည်။သူဘာကိုများစွတ်ဖတ်ခွင့်ရှိမှာတဲ့လဲ...တလောကလုံးပြေးကြည့်လို့
သွေးသားရင်းချာရယ် ဆိုတာ ဒီသားနဲ့ဒီအမေ နှစ်ယောက်တည်း
ရှိတာကိုမှ မေမေသည် အသည်းမာသူပီပီ သူ့ထက်
ငွေစက္ကူတွေနဲ့ အာဏာ တွေကိုသာအတ္တတွေခြံရံလျက်ပို ခုံမင်သည်တစ်ခွန်းသာပြောပီးလှည့်အထွက် အိမ်တော်ထိန်းကပြေးတွဲရသည်
ဂျွန်ဟာ စိတ်မြန်လက်မြန် ဒီအမေကမွေးထားတဲ့ ဒီသား ဒီသွေးတွေပဲ စီးဆင်းနေမှာပေါ့ မာနမီးခဲလေး သွားထိလို့မရဘူး။
မွေးရာပါအားနည်းချက်ကိုမှ အားနည်းချက်လို့ မြင်ကြခြင်းအပေါ်
သူသိပ်မုန်းပါသည်။စီးပွားရေးလုပ်ငန်းတွေမှာ တဖက်ကမ်းခက်အောင်မြင်နေတဲ့ သူ့လိုJeon Groupက ငွေးရှင်ကြေးရှင်တစ်ယောက်ရဲ့သား အတွက် ငွေနောက်လိုက်ကာ
မျက်ကြည်လွှာတင်မကမျက်လုံးပါအစုံလိုက်ထုတ်ပေးချင်သူတွေ
ဆိုတာ အုံလိုက်ကျင်းလိုက်။မတန်ပါဘူးရာရာစစ
သူ့ခန္ဓာကိုယ်မှာ ဒီလိုပေါပေါပဲပဲရတာတွေကို အစားထိုးစရာလား
သူ့ဘဝဟာ ဘယ်လိုပဲအမှောင်ဖုံးနေပါစေဦးတော့
တန်ဖိုးရှိရှိပဲ ရှင်သန်မှာ လာမထိနဲ့လုံးဝမရဘူး။အံဆွဲထဲက စီးကရက်ဘူးနဲ့အတူ မီးခြစ်ကိုယူလိုက်သည်။
မီးညိုတယ် ပီးတော့ အဆက်မပြတ် ရှိုက်ယူတယ်
မှုတ်ထုတ်တယ် အငွေ့တွေနဲ့အတူ မွန်းကြပ်မှုအချို့
ပါသွားမလားပေါ့ ဒါမှမဟုတ်လဲ ဒီလိုအခြေအနေမှာ
ဒီစီးကရက်အငွေ့တွေနဲ့ အတူ အငွေ့သာပျံသွားလိုက်ချင်ပါသည်။Jeonစံအိမ်တော်ရဲ့ ခြံဝန်းကြီးထဲကို ချိုးကွေ့ဝင်လာတဲ့ကားတစ်စီး
"ဟော..သားအဖတွေရောက်လာကြပီလား""ဟုတ်တယ် ဟယ် ရေ နေရာချရဦးမှာနဲ့ ဘာနဲ့ဆိုတော့
ကိုယ်တို့သားအဖ တမင်စောစောပဲထွက်လာခဲ့လိုက်တာ"