Zawgyi
ရွက်ကြွေလေးဟာ သူ့အား ပန်းလေးအဖြစ်
ဖန်ဆင်းမပေးခဲ့တဲ့ ကြမ္မာဇာတ်ဆရာ ကို
မကျေနပ်လေဘူးတဲ့....အို...ရွက်ကြွေငယ် ကိုယ်ဖန်ဆင်းတဲ့ဇာတ်ထဲမယ်
မင်းဟာ ပန်းလေးတွေထက် အဆပေါင်းအသ်ချေ
သာလွန်စွာ လှသွေးကြွယ်တဲ့ နွေဦးရဲ့ထာဝရရွက်ကြွေလေးပါ
အဘယ်ကြောင့်များ ရွှေစိတ်တော်ငြူစူရသလဲရွက်ကြွေလေးက ခွန်းတုံ့ပြန်လာခဲ့တယ်
လေပြေတွေ ကို သူပဲစိုးမိုးချင်တာ
လေပြေတွေဟာ သူ့အပိုင်ပဲဖြစ်စေချင်တာတဲ့စိုးမိုးခဲ့တယ်လေ ကွာ...
စတင်ဆုံးစည်းကတည်းက အမြင်အာရုံနဲ့မခံစားမိတဲ့
လူတစ်ယောက်ကို အကြားအာရုံတစ်ခုတည်းနဲ့
လေပြေလေးရဲ့ မသိစိတ်ကို စိုးမိုးထားတာ မင်းပါ...
အသိစိတ် ထက် မသိစိတ်ဟာ ပိုခိုင်မြဲတယ်ဆိုတာ
မသိရော့လေသလား ရွက်ကြွေငယ်...ဇာတ်ဆရာကိုယ့်ရဲ့ စေတနာကို မျက်ကွယ်ပြုရက်လေတဲ့
မင်းကို ကိုယ်အပြစ်ပေးတဲ့အခါမှာတော့ မငြိုငြင်လေနဲ့
ရွက်ကြွေငယ်....~~~~~~~~~~
နေရောင်ခြည်ခပ်နွေးနွေးက သူ့မျက်နှာကို
ထိကပါးရိကပါး လာကျီစားနေပီ
မျက်လုံးအစုံကို ဖြည်းဖြည်းချင်းဖွင့်လိုက်တော့
မြင်ရတာက မျက်နှာကျက်အကျယ်ကြီးကိုထပ်ပီး လေလွင့်စွာနိုးထခဲ့ရပြန်ပီ
ဒီနေ့လည်း သူဘယ်လိုရှင်သန်ရဦးမလဲ
Park Jiminအဖြစ်လား ရွက်ကြွေလေးအဖြစ်လားသူအကြိမ်ကြိမ်ကြိုးစားခဲ့ဖူးတယ်
သူ့ရဲ့ ဖြစ်တည်မှုကို ဂျွန်သိစေဖို့ အခွင့်မသာခဲ့ဘူး
ဂျွန်ဟာ အမြဲခါးခါးသီးသီးပဲ သူကလေ စိုးမိုးချင်တာထက်
ဒီလေပြေလေးဟာ သူ့အပိုင်...Jeon jungkookဟာ
Park jiminအပိုင်လို့ ခေါင်းစဉ်တပ်ပစ်လိုက်ချင်တာအခုတော့ဖြင့် စိတ်ကူးနဲ့ဘဝ ဟာ တစ်ခြားစီ
ဂျွန်ဟာ သူ့ဖြစ်တည်မှုကိုလဲမသိဘူး သူ့အပေါ်လည်း
ဘယ်လိုသဘောထားသလဲ လည်း သူ့မှာသိခွင့်မရှိဘူး
တကယ်ဆို "ဟျောင်းအသံတွေကို ကျွန်တော်သိပ်ကြိုက်တယ်"
ဆိုတာမျိုးမဟုတ်ဘဲ " Park jimin အသံတွေကို
ကျွန်တော် သိပ်ကြိုက်တယ်" ဆိုတာမျိုး ဖြစ်ရမှာလေ!!