5🍃🍃

98 15 0
                                    

Zawgyi

ဂျီမင်လေ သူ....
လွန်ခဲ့တဲ့ တစ်ပတ်က ဂျွန်သူ့ပေါ်ဆက်ဆံခဲ့ပုံတွေကို
ကြည့်ပီး ဆုံးဖြတ်တစ်ခုကို ခိုင်ခိုင်မာမာချခဲ့တယ်
ဟုတ်တယ်..သူ ဟာ ပတ်ဂျီမင်းမဟုတ်တော့ဘူး
လေပြေငယ်အတွက် ရွက်ကြွေလေးပဲ

ဂျွန်လေးရဲ့ အမုန်းဒဏ်တွေကို ခံဖို့ရာ
သူ့မှာအစီအစဉ်မရှိ...ချစ်ရတာကသူပါ
တစ်ဖက်တည်းစီးနေရတာ သူ့အချစ်တွေ
အဲ့တော့ တစ်ယောက်တည်း စိုးမိုးပါမယ်ဘာညာ
ရူးမိုက်နေတာတွေကိုရပ်ပီး သူ့ဖြစ်တည်မှုတွေကို
ဘေးချိတ်ထားပီး ဂျွန်လေး အလိုကိုပဲ
မျက်စိစုံမှိတ်ပီ သူလိုက်ပစ်လိုက်တော့မှာ...

အဲ့ဒါကမှ ‌လောကကြီးက ချမှတ်ထားတဲ့
မြေခရတဲ့ ရွက်ကြွေတွေရဲ့ နိယာမစစ်စစ်!!

ကဲ...ရွက်ကြွေလေး ရဲ့ တစ်နေ့တာ စတင်ပါပီ..

ကိုယ်လုံးပေါ်မှန်ရှေ့မှာ လှုပ်လီလှုပ်လဲ့‌နဲ့
ရှေ့နေလောင်းလျာလေးဟာ ရှပ်အင်ကျီအဖြူစွပ်စွပ်ကိုမှ
အဖြူနဲ့အဝါနုအကွက်ကျဲကျဲလေးတွေနဲ့
ဲ့sweater vestနဲ့တွဲဝတ်လိုက်သည်။
ခါးသွယ်သွယ်မှာတော့ Style pant အမဲပွပွလေးက
နေရာယူသည်။‌ သူ့ရဲ့Accessoriesလှလှလေးတွေကိုလည်း
ကောင်တပ်ရသေးတယ်..ပုံစံရှင်းရှင်းလေးနဲ့
ဲ့ဆန်းတာမျိုးလေးတွေကို ဂျီမင်း သိပ်ကိုသဘောခွေ့သည်။
ကိုယ်နံ့သင်းတဲ့သူ့အတွက် Perfumeတွေဘာတွေမလိုဘူး။
ရပီ ဉပဒေကျောင်းသားအလှလေး ပတ်ဂျီမင်း ကျောင်းသွားဖို့
အဆင်သင့်ဖြစ်ပီ....

ဘေးလွယ်အိတ်အဖြူလေးထဲ စာရွက်စာတမ်းတွေ
ကောက်ထည့်ပီး အောက်ထပ်ကို ဆင်းလာတော့...

"ဟော...အကို့ သား အချောလေးက ကျောင်းသွားဖို့တောင်အဆင်သင့်ဖြစ်နေပီ အကိုရေ"

ဟင်...ဘယ်လိုကြီးလဲ နားထဲမှာကြားရတာကန့်လန့်ကြီး
ဂျီမင်း အနေနဲ့ သူ့မိထွေးနဲ့ သူ့အကြားဖေဖေ့ရဲ့ အလိုကျ
ဆက်ဆံရေးကောင်းတစ်ခု ဖန်တီးဖို့အတွေးရှိခဲ့ပေမဲ့
သူ့အတွက် သိပ်အဆင်ပြေနေတာမျိုးမဟုတ်...

"သား..မနက်စာ လာစားချည်"

"ဟိုဖေဖေ..သားမစားတော့ဘူး ကင်မ်ထယ်နဲ့
ချိန်းထားတာလေးရှိလို့လေ.."

Falling In LeafDonde viven las historias. Descúbrelo ahora