4🍃🍃

99 12 0
                                    

ZawGyi

‌သွေးစသွေးန တွေနဲ့ ခွေခနဲပုံကျသွားရှာတဲ့
အဝါရောင်သေးငယ်မှုလေးကို လေပြေလေးသာ
မြင်နိုင်ခဲ့သည်ရှိသော် နောင်တတို့ရလေမလား..

"ဂျွန်ဂျောင်ကု!!!နင် ဒါ ဘာအချိုးလဲ ဟမ်"

ဂျွန် ဟာ အမည်နာမတွေကို အလေးမထားသူ
ဖြစ်သည့်အလျောက် ဂျွန်ဂျောင်ကု ဆိုတာ
သူမဟုတ်သလိုပင် စီးကရက်ကို လက်ကြားညှပ်ရင်းသာ
ထုံတေတေ ပေစောင်းစောင်းနဲ့ အမှောင်ခန်းထဲက
ကျွန်းကုတင်အညိုရောင်ကြီးပေါ်ဝယ် ဧကရာဇ်တစ်ပါးလို
စိုးစံနေသည်။ ဒါသူ့ပိုင်နက် ကြိုက်တဲ့ကောင်လာခဲ့
ကြိုက်သလိုလာရှင်း သူခယ ဧည့်ခံနေမည်မဟုတ်ပါ

အိမ်တော်ထိန်းက ဖုန်းဆက်တာနဲ့ ဟယ်ယောင်း
အရူးမီးဝိုင်းသလို ရောက်လေရာက အပြေး
ပြန်လာခဲ့ရသည်။ဘယ်နှယ့်ဟယ် ပြသနာကို
မီးခွက်ထွန်းရှာတာ ပတ်ဂျီဝန်းရဲ့သားကိုမှ!!
သူမ လို မိန်းမမျိုးတောင် လိုချင်တာကို
အနုနည်းနဲ့ ပျော့ဆွဲဆွဲနေရတဲ့ လူရဲ့သားကိုမှ!!
ဂျွန်ဂျောင်ကု ဟာ လုပ်လိုက်ရင် အဆင်အခြင်မဲ့
အဆုံးအစွန်ပဲ.....

"နင့်လိုကောင် ဒီလိုရမ်းကားတာကို
ငါစကားလုပ်မပြောဘူး အခုနင်လုပ်လိုက်တာ
ဘယ်သူလဲ နင်မသိဘူးလား တစ်ခုခုဖြစ်လာရင်
အောတိုက်နေတဲ့ ငွေလဲမကယ်နိုင်ဘူး
ငါရောနင်‌ရောလမ်းဘေးရောက်မှာ လူရမ်းကားရဲ့!!"

"ကျစ် နားတွေညီးတယ်ဗျာ...
ကျုပ်အခန်းထဲ ဝင်လာလို့ လုပ်တာ
မကျေနပ်ရင် အဲ့လင်ပါသားကို ကင်းကင်းနေခိုင်းလေ"

တစ်ယောက်ထဲ ရှင်သန်ရသည့် ဘဝတွင်
ဂျွန့်မှာ နှောင်ကြိုးရယ်လို့ မရှိပါ
လုပ်ချင်တာကို လုပ်သည် ဖြစ်ချင်တာတွေ ဖြစ်
ငွေရှိတယ် ငွေနဲ့ရှင်းမယ် ငွေမရှိတော့ရင်
ဘာနဲ့ရှင်းမလဲ ကြိုက်သလိုသာရှင်း

"နင်!!"

*ဒေါက် ဒေါက် ဒေါက်*
*မမလေး သခင်ကြီး ပြန်လာပါပီ"

"နင်နဲ့ငါ နောက်မှရှင်းမယ် လူရမ်းကားကောင်!!"

ထိုးသွားတဲ့ မိခင် ဖြစ်သူရဲ့ လက်ညှိုးတွေကိုများ
ဂျွန်လေး သာတွေ့ခဲ့ရင်တော့ဖြင့် ကလေးငယ်ရဲ့
နုနုနယ်နယ် နှလုံးသားဟာ သွေးစိမ်းရှင်ရှင်
ထွက်ရလေဦးမယ်။

ွထွက်သွားတဲ့ တုန်လှုပ်ခြောက်ခြားမှုတွေနဲ့
ခြေသံသွက်သွက်တွေ ကို ဂျွန်ဟားတိုက်ရယ်ပစ်လိုက်သည်။
သခင်ကြီးတဲ့ ရယ်ရတယ် ဒီအိမ် ဒီပိုင်ဆိုင်မှုတွေရဲ့
ပိုင်ရှင်အစစ်အမှန်ဟာ ဘယ်သူဆိုတာ သိရဲ့သားနဲ့
ငွေရရင်ပီးရော မျက်နှာပြောင်တိုက်ခစား‌နေတဲ့
ဟာတွေ ကပိုသောက်ရှက်မရှိတာ!

Falling In LeafWhere stories live. Discover now