Part 1

3K 179 12
                                    

Unicode

စားပွဲပေါ်မှာတင်ထားသော စာတစ်စောင်ကိုကြည့်၍ ဂျေး အသက်ကိုပုံမှန်သာရှုရှိုက်မိသည်။သို့သော် ထိုစာကိုငေးစိုက်ကြည့်နေခဲ့တာ နာရီအနည်းငယ်ပင်ကြာနေခဲ့ပြီး ဆုံးဖြတ်ချက်ကို အကြိမ်ကြိမ်ပြင်ဆင်ကြည့်သည်။နောက်ဆုံး တခုသော ဆုံးဖြတ်ချက်ကိုရွေးချယ်၍ ဖုန်းscreen ပေါ်တွင် နံပါတ်တခုကို ရိုက်နှိပ်လိုက်သည်။

"အဖေ ကျွန်တော် စစ်မှုထမ်းတော့မယ်"

"မင်း ဆုံးဖြတ်ချက်သေချာပြီလား"

"ဟုတ်"

"အေးကွာ စောစောစီးစီး လုပ်ပြီးသွားရင်လည်း ကောင်းတာပါပဲ၊ အဲ့ဒီအတောအတွင်း မင်းဘာတွေလုပ်ရမလဲ စဉ်းစားခဲ့ပေါ့"

"ဟုတ်ကဲ့ ကျွန်တော်ဖုန်းချလိုက်တော့မယ်"

"အေအေ"

ဖုန်းကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ရင်း သက်ပြင်းအရှည်ကြီးတခုချလိုက်မိသည်။ဂျေးအသက် ၂၂ က စစ်မှုထမ်းဖို့အရမ်းစောသေးပေမယ့်
တောင်ကိုးရီးယားပြည်နယ်ဟာ အရွယ်ရောက်ပြီးသူတိုင်း စစ်မှုထမ်းဆောင်ရမည်ဆိုသော သတ်မှတ်ချက်ကြောင့် တချိန်ချိန်မှာ ဂျေး စစ်မှုထမ်းရမည်ပင်။ဒီအကြောင်းကြားစာက ဂျေးအတွက် ထွက်ပေါက် တခုဖြစ်လိမ့်မယ်လို့ယုံကြည်မိနေသည်။ မိမိလုပ်ချင်သော အရာအားလုံးဟာ အကြောင်းအမျိုးမျိုးကြောင့် ပျက်စီးခဲ့ရပြီးပြီ။ဂျေးဟာ ဖခင် ဖြစ်သူရဲ့အရိပ်အရာ ဆက်ခံသူတစ်ဦးဆိုသည့်ခေါင်းစဉ်အောက်က ရုန်းထွက်ကာ မိမိလမ်းကို ကိုယ်တိုင်ဖောက်ချင်ခဲ့သည်။ငယ်စဉ်ကပင် လိုရာရနိုင်သောဘဝကြောင့် ပတ်ဝန်းကျင်၏မိမိကား အရည်အချင်းမရှိသူ ၊ဆွေမျိုးများအလယ်မှာ မိမိဟာ မိဘပိုင်ဆိုင်မှုကို ဖြုန်းတီးနေသည်ဟူသော စကားတွေက ဂျေးအတွက် နားရည်ဝအောင်ပင် ကြားခဲ့ရသည်။

ဂျေး ရည်မှန်းချက်က idol တစ်ယောက်ဖြစ်ချင်သည်။သို့သော် ဖခင်ဖြစ်သူက သူ့ဝါသနာကို လုံးဝသဘောမကျ။ မိသားစုနှင့်ပင်အတူမနေဘဲ သူကြိုးစားနေရဆဲ။ရည်မှန်းချက်ကို အကောင်အထည်ဖော်ရန် ဖခင်ဖြစ်သူနှင့်အတိုက်အခံလုပ်ကာ သူကြိုးစားနေတုန်းပါပဲ။မိမိကိုယ်ကို ယုံကြည်ချက်အပြည့်အဝရှိသော်လည်း မည်သည်အကြောင်းအရာက မှားနေသည်မသိ ။Audition တွေဝင်ဖြေတိုင်း Judgeတော်တော်များများထံမှ ချီးကျူးမှုများစွာရရှိခဲ့သော်လည်း မည်သည့် Auditionမှ သူအောင်မြင်ခဲ့ခြင်းမရှိ။စိတ်ဓာတ်တွေကျသွားခဲ့သည့်တိုင် မဆုတ်မနစ် ကြိုးစားခဲ့ရသည်။ထူးခြားမှုတော့ရှိမလာပါ။

See U Again! Where stories live. Discover now