ဦးမာန်ပြန်သွားတော့ သူလဲမျက်လုံးမှိတ်ပြီး
စဉ်းစားလိုက်သည် သူခုကုမ္ပဏီကိုဝင်ပြီး
ဦးဆောင်ရမယ် ဓနတိုးကို နင်းချရမယ်
သူလုပ်ရမယ့်အရာတွေစဉ်းစားပြီးအိပ်
လိုက်သည် နိုးလာတဲ့အချိန်က ညနေတောင်
ရောက်နေပြီး ကုတင်ပေါ်ကထထိုင်လိုက်စဉ်"Baby!!"
အခန်းထဲပြေးဝင်လာတဲ့ ဓနတိုး နောက်မှာလဲ
ညီမဝမ်းကွဲဆိုသူကမပါမဖြစ်"Aww လာလေ "
"Baby သက်သာရဲ့လား"
"အင်းသက်သာပါတယ် ဒါနဲ့သူက ကိုပြောတဲ့
ညီမဝမ်းကွဲလား""ဟုတ်တယ် နုနုငယ်တဲ့ နုငယ် ဒါကို့ချစ်သူ
ခက်ဆစ်""ဟုတ်ကဲ့ ကိုကိုပြောလို့ နုငယ်သိထားပါတယ်
တွေ့ရတာဝမ်းသာပါတယ် ""အင်းး"
ခက်ဆစ်သေချာကြည့်လိုက်တော့ ဓနတိုး
နောက်ကျရတဲ့အကြောင်းရင်းသိလိုက်သည်
နုနုငယ်ရဲ့ လည်ပင်းမှာ အချစ်အမှတ်သားနဲ့
ထိုချိန် ဓနတိုးက သူ့ကိုဖက်လာတာကြောင့်
တွန်းထုတ်လိုက်ပြီး"မဖက်နဲ့ ကို့ စီက ရတဲ့ရေမွေးအပေါစားနံ့က
ခေါင်းမူးတယ် "ခက်ဆစ်စကားကြောင့် နုငယ်က စိတ်တိုသွား
သည် ဒီရေမွှေးကနုငယ်ရဲ့အနံ့လေဓနတိုးကတော့ ခက်ဆစ်ကိုကြည့်ပြီး အရင်နဲ့မတူတဲ့အကြည့်တွေအပြောတွေကြောင့် အံ့အား
သင့်သွားသည် ခက်ဆစ်ဆိုတာ သူသေဆိုသေ
ရှင်ဆိုရှင် သူ့ချွေးနံ့ကိုတောင် ခံနိုင်တဲ့လူ
စကားကို သူတပါးထိခိုက်အောင်မပြောတတ်
တဲ့ယုန်ဖြူလေး"ကို ကနောက်ကျတယ်နော် "
"အာ..ဟုတ်တယ် ကိုယ်နုငယ်ကို အလုပ်တွေ
သင်ပေးနေလို့""ဟုတ်လား နုငယ်ကောင်းရဲ့လား"
"ရှင်"
"အော် ကိုက အသင်ပြကောင်းလားလို့"
"ဟုတ်..ဟုတ်ကဲ့"
"ကို ပြန်ချင်ပြန်တော့လေ မိုးချုပ်သွားရင်မကောင်းဘူး နုငယ်ကိုပို့ရမယ်မလား"
"ရပါတယ် ကိုယ်ဆေးရုံလာစောင့်ပေးရမလား"
"မလိုဘူးရတယ် စောင့်မယ့်လူလာလိမ့်မယ် "

BẠN ĐANG ĐỌC
အလှည့်ပြောင်း / အလှည့်ပြောင်း (Completed)
Truyện NgắnTimetravel 😁 Uni and Zawgyi(owncreation)