တွေးပြီးနာကျင်ဖူးလား ကိုယ့်ကိုကိုယ်အသုံးမကျတဲ့လူတစ်ယောက်ဆိုတဲ့အတွေးဆိုးတွေနဲ့ နာကျင်ရတာ.......။
ဖြစ်ဖူးလား ကြိုစဉ်းစားထားသမျှအရာအကုန်လုံးဟာ သဲထဲရေသွန်သလိုဖြစ်သွားတာ ......။
ခံစားဖူးလား မျှော်မှန်းထားသမျှအရာတွေအကုန်ပျက်စီးသွားတဲ့ခံစားချက် .....။
ငိုဖူးလား ချစ်ရသူအတွက် ရင့်နင့်အောင်လေ သွေးမျက်ရည်ကျတဲ့ထိ .......။
ကျွန်တော်အဲ့အရာတွေအကုန်ခံစားဖူးတယ် ပြီးတော့ အဲ့ထက်ကြုံတွေ့ခဲ့ရတာတွေလည်းရှိသေးတယ် ....။
ပထမဆုံးအတွေးဆိုးက 15နစ်ပြည့်ခါစ လူပျိုအရွယ်လေးမှာ ကြုံတွေ့ခဲ့ရတာဘဲ .....။
ကျွန်တော်က အိမ်မှာ အကြီးဆုံးသားဖြစ်တယ် ။ အမေနဲ့အဖေနဲ့က ကျွန်တော်ချစ်ပါတယ် ဒါမဲ့သမီးဖြစ်တဲ့ကျွန်တော့်ညီမကို ပိုချစ်ကျတယ် ။ 5နစ်သာကွာတဲ့ကျွန်တော့်ညီမကို သူတို့ကအရမ်းသဲသဲလှုပ်ကျတယ် ။ ကျွန်တော်အသက်15နစ် ညီမလေး 10နစ်အရွယ်မှာပေါ့ ။ ကျွန်တော်ယောက်ျားလေးဖြစ်ပေမယ့် အိမ်အလုပ်တွေအကုန်အမေ့ကိုကူရတယ် ။ ဒါမဲ့ ဘယ်အရာမှအကျွမ်းတစ်ဝင်မလုပ်နိုင်ဘူး။ ကျွန်တော့်ကြောင့်ပျက်စီးရတာလည်းများတယ် ။
ကျွန်တော်ကအဲ့တုန်းကဝတယ် ။ကျောင်းမှာဆိုလည်းအမြဲပြောခံရတယ် ။အမျိုးတွေကြားထဲရော အိမ်မှာရော ပတ်ဝန်းကျင်မှာရော ပြောခံရတယ် ။ ကျွန်တော်ဆိုတဲ့ ကင်မ်ထယ်ယောင်းက ဂရုမစိုက်တဲ့ကောင် ဒါမဲ့လေ နံရံဆိုတာ ဘယ်လောက်ဘဲ ခိုင်ခံနေပါစေအုန်း အကြိမ်ကြိမ်ထုဖန်များ၊ ရိုက်ဖန်များလာရင် အက်ဝင်ကွဲတတ်ကျတာကြီးဘဲမလား ။ အဲ့အရာတွေကြောင့်stressတွေပိလာတယ် ။ နယ်ကျောင်းတွေမှာတတ်တော့ စာဆိုတာ မြို့ပေါ်ကလူတွေနဲ့ယှဉ်ရင် နည်းနည်းတော့ညံ့တာပေါ့ ။ ကျွန်တော်က ပျင်းတဲ့လူ စာသိပ်မလုပ်ဘူး အမေက သူ့သူငယ်ချင်းသားတွေသမီးတွေနဲ့ ယှဉ်ပြောတဲ့ခါကျရင် အရမ်းဒေါသလည်းထွက်သလိုဝမ်းနည်းတယ် ။
ကျွန်တော်က သူများနှင့် နှိုင်းယဉ်ပြောရင်လုံးဝမကြိုက်ဘူး ။ အိမ်မှာဆို တစ်ခုခုလုပ်ရင် အရမ်းမှားလို့ အဖေက ခနခနအမြဲပြောရတယ် ။ အမေအလုပ်ခိုင်းရင်လည်း ဘယ်တော့မှသေချာမလုပ်ပေးနိုင်ဘူး အမြဲ တစ်ခုမဟုတ်တစ်ခုမှားတယ် ။ ကျောင်းမှာ အိမ်မှာ ပတ်ဝန်းကျင် အသိုင်းအဝိုင်းတွေ ဆွေမျိုးတွေကြားထဲမှာ ဒီလောက်stressတွေများလာတော့ တိုင်းငိုကြွေးပြီး ငါဟာ အသုံးမကျတဲ့သူတစ်ယောက်လားဆိုတဲ့အတွေးကဝင်လာခဲ့တယ် ။
YOU ARE READING
^ 𝑻𝒂𝒆𝒌𝒐𝒐𝒌 𝑶𝒏𝒆 𝑺𝒉𝒐𝒓𝒕 ^
Fanfiction𝑶𝒏𝒆 𝑺𝒉𝒐𝒓𝒕 Taekook Start Date - 19.4.2021 Written by Victory _ Jeon