ခင်ဗျားတို့ခံစားဖူးလား လူတစ်ယောက်ကို ချစ်တာထက်ကိုပိုပြီးမြတ်နိုးတာကို ။ထိုလူဘာလုပ်လုပ်အမြဲခွင့်လွှတ်ပေးတယ် ပြီးတော့ ထိုလူ့ကို အမြဲပျော်စေချင်တာပေါ့ ။
ကျွန်တော့်မှာ ချစ်တာထက်ကိုပိုပြီးမြတ်နိုးရတဲ့ကောင်လေးတစ်ယောက်ရှိတယ် ။ သူ့နာမည်က Kim Taehyungတဲ့ ။ အကိုက ကျွန်တော့်ထက် 2နစ်ကြီးတယ် ။ 25နစ်ဆိုတဲ့အသက်အရွယ်နဲ့မလိုက်အောင် ဆယ်ကျော်သက်လေးလိုဘဲ ။ အကိုအရမ်းလှတယ် ဟုတ်သည် အကိုက ချောတာထက်ကိုပိုပြီးလှသည်။ ယောက်ျားလေးတစ်ယောက်ကို လှတယ်ဆိုသည့် အသုံးအနှုန်းမသုံးသင့်ပေမယ့် အကိုက တစ်ကယ့်ကိုလှတာ ။ အကိုက ကျွန်တော့်ဖြစ်သည်မှုကိုမသိပါဘူး။ ကျွန်တော်ကသာ အကို့ကိုတစ်ဖက်သတ်ချစ်နေရသူပေါ့ ။
အကိုနဲ့ကျွန်တော်နဲ့ကကျောင်းတူတယ်။ အကိုက တက္ကသိုလ်နောက်ဆုံးနစ် ။ ကျွန်တော့်က တတိယနစ်ပေါ့။ တစ်ကယ်တော့ အကိုကသာသတိမထားမိတာ ကျွန်တော်ကအကို့အနားမှာ အမြဲရှိနေခဲ့တယ် ။ ကျွန်တော်ကတော့အကို့အကြောင်း အကို့အကျင့် အကုန်သိထားတယ် ။ ကျွန်တော်အကို့ကိုချစ်နေသည်မှာ 5နစ်နီးပါးရှိတော့မယ် ။ ကျွန်တော်အထက်တန်းအောင်တော့ ကော်ဖီဆိုင်လေးတစ်ခုမှာ တွေ့မိခဲ့ခြင်း ။ အကို့ကိုဖွင့်ပြောမလားဆိုတော့ ဟင့်အင်း မဖွင့်ပြောချင်ဘူး ဒီတိုင်း ဒီတိုင်းလေး အကို့ကို ငေးကြည့်၍နဲ့ကျေနပ်ပါတယ် ။
အကို့ကိုသိပ်ချစ်တယ်။ ဖြစ်ခွင့်ရှိမယ်ဆိုရင် မနက်ခင်းအစ ညနက်အဆုံး တစ်နေ့လုံးကို အကိုနဲ့ပဲအတူတူဖြတ်သန်းချင်မိတာ ။ မနက်ခင်းလေးလို့ မျက်လုံးပွင့်တာနဲ့ ပထမဆုံးမြင်ချင်မိတာ ကျွန်တော့်ဘေးမှာ အိပ်နေမည့် အကိုကို ၊ ကျွန်တော်နိုးလို့ အိပ်ရေးမဝကာ ဆူပုတ်ပုတ်လေးဖြစ်နေမည့်အကို ၊ အတူမျက်နှာသစ်သွားတိုက်ရင်း စနောက်ကျမယ် ပြီးရင် အကို့အတွက် မနက်စာကိုကျွန်တော်ကိုယ်တိုင်လုပ်ပေးမယ် ၊ ကျွန်တော်မြတ်နိုးရသည့်အကိုကို ခြေေမွှးမီးမလောင်လက်မွှေးမီးမလောင်ထားမယ်။နေ့လည်စာဖို့လည်း ကျွန်တော်ကဘဲ ချက်ပြုတ်ပေးမယ် ။ကျွန်တော်က ဟင်းချက်နေရင်း အကိုက ပျင်းလို့ဆိုပြီး ကျွန်တော့်နောက်ကနေသိုင်းဖက်ကာ စနောက်ရင်း ဟင်းတူတူချက်မယ် ။

YOU ARE READING
^ 𝑻𝒂𝒆𝒌𝒐𝒐𝒌 𝑶𝒏𝒆 𝑺𝒉𝒐𝒓𝒕 ^
Fanfic𝑶𝒏𝒆 𝑺𝒉𝒐𝒓𝒕 Taekook Start Date - 19.4.2021 Written by Victory _ Jeon