Unicode
"အာညော်"
စွဲမက်စရာကောင်းတဲ့မျက်ဝန်းပိုင်ရှင်က
နှုတ်ဆက်လာသည်ဂျောင်ဂုဘာမှမပြောဘဲ ကားလမ်းဘက်ကို
မျက်နှာမူကာ ရပ်နေလိုက်သည်ထိုကောင်လေးသည်သူ့ကိုအဖက်မလုပ်တဲ့
သူ့နားကို ရောက်လာသည်"အာညော် ငါ့နာမည်က ကင်မ်ထယ်ယောင်းပါ"
ထပ်ပီးနှုတ်ဆက်လာသည်
"ငါမင်းနဲ့ခင်ချင်လို့ပါ ခင်မယ်မလားဟင်"
ဂျောင်ဂုဘာမှပြန်မပြောပေ
ခုမှ တွေ့ဖူးတဲ့လူကိုခင်ချင်ရသလား"မင်းနဲ့ငါက ကျောင်းတူတယ်
ခင်ကြရအောင်နော်"ထိုအချိန် Busကားရောက်လာသည် ထို့ကြောင့်
Busကားပေါ်အမြန်တတ်လိုက်သည်
ထိုကောင်လေးလည်း သူ့နောက်ကပ်ပါလာသည်"ငါမင်းနဲ့တူတူထိုင်မယ်နော်"
ပြောပီးပီချင်း ဂျောင်ဂုဘေးနားဝင်ထိုင်သည်
"မင်းနာမည်ဘယ်လိုခေါ်လဲဟင်
မင်းကခုမှ ငါတို့ကျောင်းကိုပြောင်းလာတာမလား"ဂျောင်ဂုနည်းနည်းစိတ်ရှုပ်မိသည်
ခုနက အနည်းငယ်သူ့မျက်ဝန်းတွေကိုသဘောကျမိပေမဲ့ အခုလိုသူ့ဘေးက စကားတွေပြောနေတာကို
တော့သဘောမကျပါသူကအေးအေးဆေးဆေးနေသည် တယောက်ယောက်ကိုစကားပြောရမှာကြောက်သည်အထူးသဖြင့်မိန်းကလေးတွေနဲ့ပေါ့ သူကအတွေးသမား အတွေးထဲမှာပဲ သူ့ဘဝကိုလည်ပတ်သည်
အပေါင်းသင်းလဲမရှိပါ သူ့ပုံစံက အေးတာထက်ကိုလွန်တာကြောင့် ဘယ်သူမှလာမပေါင်း လာစကားမပြောကြပါ ထိုကောင်လေးကတော့ သူများတွေနဲ့မတူ သူအားအတင်းလာရောသည်
ဒီလိုမှန်းသိရင် သူမျက်ဝန်းတွေကိုငေးမနေခဲ့ပါဘူး
ခုတော့စိတ်ရှုပ်လိုက်တာ"မင်းစကားမပြောတတ်တာလားဟင်"
"မဟုတ်ပါဘူး"
ဂျောင်ဂုမနေနိုင်စွာပြောမိသည်
"အာ မင်းစကားပြောတတ်သားပဲ
ငါတို့သူငယ်ချင်းလုပ်ရအောင်နော်"
YOU ARE READING
If I Die {Ongoing}