Part - 4

226 27 2
                                    

Unicode

မနက်ခင်း နေရောင်ခြည်နွေးနွေးလေးက
ဂျောင်ဂုအား ထဖို့ လှုံ့ဆော်နေသလို

အရင်နေ့တွေထက် စောစောထကာ တတ်ကြွနေသော ဂျောင်ဂု အကြောင်းက
ထယ်ယောင်းနဲ့ ကျောင်းတူတူသွားရမည်မဟုတ်လား..

ဒီနေ့က ကျောင်းတတ်တာ ဒုတိယမြောက်နေ့
ထယ်ယောင်းနဲ့ခင်တာ နှစ်ရက်မြောက်နေ့ပေါ့

အားလုံးပြီးစီးလို့ မှန်ရှေ့ရပ်ကာ
ဆံပင်ကို လက်နဲ့ပုံသွင်းလိုက်သည် မျက်နှာကတော့ အရင်တိုင်း ခပ်တည်တည်သာ
သို့ပေမဲ့ ချောမောနေမှုက ငြင်းမရဘူးမဟုတ်လား..?

"ဟော သား ‌အစောကြီးနိုးနေတာလား"

လှေကားပေါ်ကနေဆင်းလာသော သူ့ကို
မေးလေသည်

"ဟုတ်မေမေ"

"လာ သား မနက်စာစားနှင့်"

"တော်ပီ မေမေ ကျတော်ကျောင်းကြမှစားလိုက်တော့မယ်"

"သားက အစောကြီးဘာသွားလုပ်မှာလဲ"

"အာ ဒီတိုင်း ကျောင်းကအသစ်မဟုတ်လား"

"အင်းပါကွယ် ဒါဆိုလည်း မုန့်ဖို့များများယူသွား"

"ဟုတ်မေမေ"

အိမ်ကနေစောစောသာထွက်လာတာ
အခုဘယ်သွားရမှန်းမသိ Busကားဂိတ်လား
ယောင်း အိမ်ကိုလား..?

လက်က ရွှေရောင်နာရီလေးကို ငုံ့ကြည့်မိတော့
အချိန်က 7နာရီခွဲ ကျော်ကျော်ပဲရှိသေးတယ်
စောသေးတာပဲ
'မင်းကတော့လေ
ခံစားချက်ကိုထိန်းချုပ်မယ်မရှိဘူး'

ဂျောင်ဂုစိတ်ထဲ၌ကိုယ့်ကိုယ်ကို ပြန်ပြောနေမိသည်

တရွေ့ရွေ့နဲ့ လျှောက်လာမိတာက
Busကားဂိတ်...။
ယောင်း အိမ်ကိုသွားဖို့ အဲ့လောက်သတ္တိတွေရှိမနေဘူးလေ

ကိုယ့်တယောက်တည်းသီးသန့်နေတတ်ပီး ဘယ်သူနဲ့မှ မရောတာကြောင့် တခြားလူတွေနဲ့ စကားပြောရမှာ အနည်းငယ် ရှက်ရွံမိသည်
လူကြောက်တယ်ခေါ်မလားပဲ
ကိုယ့်ထိရင်တော့ ငြိမ်ခံတဲ့သူမဟုတ် သူတချက်ဆို ကိုယ်နှစ်ချက်ပဲ...
လူမှုရေးပိုင်းကတော့ လုံးဝညံ့ဖျင်းသည်

If I Die {Ongoing}Where stories live. Discover now