Part - 13

166 20 0
                                    

Unicode

မနက်ခင်းစောစောက အေးစပြုနေပီဖြစ်သည်
စောင်ပုံထဲလုံးထွေးကာ မထသေးဘဲထယ်‌ေယာင်းတ‌ေယာက် တယောက်သောသူအကြောင်းစဉ်းစားရင်း မျက်နှာထက်ပြုံးယောင်သန်းနေသည်။

မနေ့ညကစဉ်းစားထားသည့်အတိုင်း သူ့အကြံကိုအကောင်ထည်ဖော်ရမည်။

ရေချိုးပီးတော့ ပေါ့ပေါ့ပါးပါး ဆွယ်တာမထူမပါးအဖြူလေးနဲ့ အောက်က ဘောင်းဘီအညိုရောင်အပွလေးကိုဝတ်ဆင်လိုက်တော့
ဝိုးးးလုံးဝ Perfectပဲကွာ

"သားအစောကြီးပဲဘယ်သွားမလို့လဲ
မေမေတောင်အခုလာနှိုးမလို့ပဲ"

အောက်ထပ်မှာ မိသားစုထမင်းဝိုင်းပြင်နေသည့်မေမေကမေးသည် ဖေဖေရောရှိသည်။

"ကျတော် ဂျောင်ဂုဆီသွားမလို့ပါ
အပြင်သွားမလို့ သူနဲ့အတူတူ"

"သား ဂျောင်ဂုလေးက ကျောင်းဖွင့်တယ်မလား"

"အော ဒါမဲ့သူကတရက်နားလိုက်မှာတဲ့"

"မသွားပါနဲ့လား သားရယ်"

ဖေဖေကနားထောင်ရင်းကဝင်ပြောသည်။

"အာ ဖေဖေကလည်းစိတ်မပူပါနဲ့ ကျတော်ပြင်ဆင်ထားတယ် ဂျောင်ဂုရောပါတာပဲကို"

"အေးဟေ့ ပြောမရလဲသွား သွား"

မေမေကဝင်ပြောတော့မှဖေဖေကလည်း ခေါင်းငြိမ့်ပြကာ ဂရုစိုက်သွားဟုပြောလေသည်။

တတ်ကြွတဲ့ခြေလှမ်းများနှင့် ဂျောင်ဂုနဲ့ဆုံခဲ့တဲ့ Busကားဂိတ်‌ဆီသို့။

**********
ဂျောင်ဂုတယောက် ‌ရာသီဥတုကအေးနေသဖြင့် မထပဲစောင်ထဲကွေးနေမိသည် တဆက်တည်းမှာပဲ ထယ်ယောင်းကိုတွေးမိသွားတော့ အလိုလိုပြုံမိသွားပြန်သည်။

ဆက်အိပ်မနေတော့ဘဲ အိပ်ယာထကာ ရေချိုးခြင်းအမှုကိုပြုလုပ်ရပေသည်။

Busဂိတ်မှာစောင့်နေတဲ့ထယ်ယောင်းတယောက် ဂျောင်ဂုဆီဖုန်းခေါ်ဖို့ပြင်လိုက်သည် အိမ်လိုက်သွားရအောင်လည်း အိမ်မှမသိတာလေ

ရေချိုးပီးပီးချင်း လာနေတဲ့ဖုန်းကိုကောက်ကိုင်မိတော့ထင်ရှားစွာပေါ်နေတဲ့ Contact nameလေးကြောင့် လူကပျော်သွားရသည်မှာ အတိုင်းမသိပေ အချိန်အတော်ကြာမကိုင်ပဲ Contact nameလေးသာ ကြည့်နေမိသည် "My love" ဟုသော nameလေးပင်ဖြစ်သည်။

If I Die {Ongoing}Where stories live. Discover now