Ep7

150 19 0
                                        

  Jisoo ကတော့အစပိုင်းကတမျိုးတမည်ထင်ခဲ့သော်လည်းကြာတော့စားရင်းသောက်ရင်းပြောရင်းစရင်းပျော်ရင်းပါးရင်းနဲ့ပဲခုနကဟာကိုမေ့သလိုရှိသွား၏။ထိုသူငယ်ချင်း4ယောက်ရှန်ပိုင်တွေဝိုင်တွေကိုပျော်ပါးပီးအခွက်လိုက်သောက်ကြ၏။ Lisoo တို့မှာတော့ရှန်ပိန် 4,5,6 ခွက်ဆင့်သောက်လိုက်ကာမူးသွားကြ၏။ကျန်သည့်နှစ်ယောက်က 2,3 ခွက်ခန့်သာသောက်ကြသည်။ Lisoo တို့မှာတော့မူးနေပီဖြစ်သည်။Jisoo သည်အမူးဆုံးဖြစ်သည်။ထို့ကြောင့်၎င်းတို့နှစ်ယောက်မှာဆိုဖာပေါ်တွင်နှစ်ယောက်သားပစ်လဲနေကြ၏

Jennie:ဟဲ့နှစ်ယောက်မူးနေကြပီ။ငါတို့သူ့ကိုအိမ်လိုက်ပို့ပေးရင်ကောင်းမလား?
Rose:ဒီမှာပဲသူတို့ကိုအိပ်ခိုင်းလိူက်မယ်လေ။အခန်းလွတ်တွေလည်းရှိပါတယ်ဟ။မပူနဲ့။ငါ့မှာအခန်းသောရှိတယ်

Rose သည်သူမအခန်းထဲသို့သွားကာတအိမ်လုံးမှာရှိတဲ့သော့တွေကိုပေါင်းထားတဲ့သော့တွဲကိုကောက်ယူလိုက်၏။သူမတို့အိမ်သည်စုစုပေါင်းသုံးထပ်ရှိရာသူမတို့မိဘများအထပ်သည်အပေါ်ဆုံးတထပ်ဖြစ်သည်။ထို့နောက်သူမသည်သူမအခန်း၏မျက်နှာချင်းဆိုင်အခန်းထဲတွင်ခေါ်ရန်ဆုံးဖြတ်လိုက်ကာထိုအခန်းကိုအခန်းတံခါးဖွင့်ရန်သော့ကို‌‌ခနလောက်ရွေးနေ၏။ထို့နောက်‌ကိုက်ညီသည့်သော့ကိုတွေ့သွားပီးအခန်းတံခါးဖွင့်လိုက်၏။ထို့နောက် Jennie ကိုခေါ်၍
Rose: Jennie ရေလာပါဉီး။အခန်းသန့်ရှင်းရေးလုပ်ဖို့လေဟိုမီးဖိုချောင်‌ေဘးကအခန်းကိုသွား။တံခါးကဖွင့်ထားတယ်။တံခါးဖွင့်ပီးအထဲမှာရိှတဲ့ကြမ်းတိုက်တုတ်ကိုလေရေရယ်ဆပ်ပြာနည်းနည်းရယ်စွတ်ပီးညစ်ချလိုက်။‌ဆပ်ပြာရည်ကအဲ့ထဲမှာပဲရိှတယ်။ပီးယူလာခဲ့
Jennie:အေအေ

ထို့နောက်ကသူမပြောသည့်အတိုင်း‌လုပ်ကာယူလာ၏

Rose:ဒါနဲ့လေအဲ့ထဲမှာပဲတံမြက်စည်းနဲ့ဂေါ်ပြားရှိတယ်။အဲ့တာတွေပါယူခဲ့ပါဟယ်
Jennie:အေအေ

ပထမဉီးဆုံးသူမသည်ခုတင်ပေါ်ကခေါင်းအုံးနှစ်အုံးကိုခါချကာစောင်တွေရယ်အိပ်ရာပေါ်ကဖုန်တချို့ကိုခါချလိုက်၏။ထို့နောက်ကျလာသောဖုန်များကိုတံမြက်စည်းလှည်းလိုက်၏။ထို့နောက်ကြမ်းတိုက်တုတ်နှင့်တခန်းလုံးကိုသုတ်လိုက်၏။သူမသည်မူးနေသောသူငယ်ချင်းနှစ်ယောက်အတွက်စေတနာအပြည့်နှင့်လုပ်ပေးရှာသည်

The Last Present(နောက်ဆုံးလက်ဆောင်)Where stories live. Discover now