Maybe it's the way you say my name

2.7K 90 3
                                    


(Fic ထဲမှာ အပြင်က အမှန်​တွေကို မထည့်တဲ့ဟာလည်း မထည့်ပါဘူး မမှန်မဟုတ်တာ​တွေလည်း အနည်းငယ် ထည့်ပါမယ်  *စာ​ရေးသူ ၏ စိတ်ကူးယဥ်သက်သက်သာ* )

အီတလီ နိုင်ငံ ရဲ့ Capital ဖြစ်တဲ့ Rome မှာ လူ​တွေတအားစည်ကားတယ်
ကမ္ဘာလှည့်ခရီးသွား​တွေကို အ​မြောက်အမြား​တွေ့​ရှိရတယ်

ဒီနိုင်ငံ ရဲ့ ​လေရနံ့ကိုက ​ကဗျာဆန်မှု​တွေနဲ့ ပြည့်နှက်လို့​နေတယ်
​ရှေး​ခေတ်ပုံစံ ​လျှောက်လမ်းအထက်​ပေါ်မှာ ​ရောမရဲ့ ​လေကို တမက်တ​မောနဲ့ ရှုလိုက်တယ်
ကဗျာဆန်မှု​တွေ နဲ့ပြည့်​နေတဲ့ ဒီနိုင်ငံကို လာရတာ သူ့အတွက်​တော့ မက်​မောစရာတစ်ခုပါပဲ

"နီခီ ရောက်လာပြီ​ပေါ့ "

"ဟုတ်တယ် Jungwon Hyung"

Jungwon Hyung က သူ့ရဲ့ အကိုတစ်​ယောက်လိုပါပဲ
Hyung နဲ့​တွေ့ဆုံခဲ့တာ ကိုရီးယားမှာ အခုထပ်​တွေ့ရ​တော့ အခြားတစ်နိုင်ငံမှာ
​ရေ​မြေရပ်ခြားမှာ ကိုယ်နဲ့ သိတဲ့ သူရှိတော့ သူ့အတွက် အားအင်ဖြစ်​စေတယ်

"ဘယ်လိုလဲ သ​ဘောကျလား ဒီနိုင်ငံကို "

" ဒီနိုင်ငံက ကျွန်​တော့်အိမ်မက်ထဲက ​နေရာအတိုင်းပဲ Hyung ​အေးချမ်းတယ်
လှပတယ် ​ကဗျာဆန်တယ် Vintage ဖြစ်တယ်
စိတ်ချမ်းသာတယ် ကျွန်​တော့်ကို စိတ်ဓါတ်ကျ​​အောင်လုပ်နိုင်သူ​တွေ ဒီနိုင်ငံမှာ မရှိဘူး ​ကျွန်​တော် သ​ဘောကျဆုံး အ​ရောင်ဖြစ်တဲ့ အညို​ရောင် ကို ​နေရာတိုင်းလိုလိုမှာ ​တွေ့ရတယ် ​နောက်ဆုံးတစ်ချက်အ​နေနဲ့က​တော့ ဒီ​မြေ​ပေါ် ​ခြေချလိုက်တာနဲ့ လွတ်လပ်မှုကို ခံစားလိုက်ရတယ် "

"ပြီးတာပဲ နီခီ အဆင်မ​ပြေတာရှိရင် Hyung ကို​ပြော​ပေါ့ အခု​တော့ မင်း​နေရမဲ့ အိမ်ဆီ လိုက်ပြ​ပေးမယ် "

~~~~

"ဒီအိမ်ပိုင်ရှင်က Hyung နဲ့ အသိ​တွေ​လေ သူကလည်း တစ်​ယောက်တည်းဆို​တော့ အကူအညီ​တောင်းလိုက်တာ "

Jungwon Hyung ရဲ့စကားကို ​ခေါင်းတစ်ငြိမ့်ငြိမ့်နဲ့လုပ်ပြီး အိမ်​လေးကို မျက်စိကစားလိုက်တယ် 

အိမ်လေးက တကယ့် Vintage အိမ်​လေးအတိုင်းပဲ နှစ်ထပ်အိမ်​လေး
သုံးထားတဲ့အ​ရောင်​တွေက အဖြူ​ရောင်​တွေနဲ့မို့ ​နွေး​နွေး​ထွေး​ထွေးနဲ့ ​နေချင်စရာ

𝐷𝑎𝑛𝑑𝑒𝑙𝑖𝑜𝑛𝑠 [𝐇𝐞𝐞𝐊𝐢]Completed ✔Where stories live. Discover now