Love of Mine

795 76 0
                                    

ဒီ​နေ့က ​သောကြာ​နေ့ဖြစ်​သော​ကြောင့် နီခီ စိတ်​ပျော်​နေသည် ဘာလို့ဆို ​နောက် ၂ရက် အတန်းမရှိသည်မဟုတ်လား

အတန်းထဲမှာလည်း နီခီက အိမ်စာ​တွေကို Breaktime မှာ အိမ်ကယူလာတဲ့ ထမင်းဗူး​လေး​ဖောက်စားရင်း အိမ်စာလုပ်တတ်သည့်လူမို့ နားရက် ၂ ရက်ဆိုရင် တခြားလူ​တွေ စာ​တွေလုပ်​နေရသည့်အချိန်သူက ​ပျော်ရွှင်စွာ နား​နေလို့ရသည်​လေ

အတန်းမှ အပြန် မိုးက သည်းထန်စွာရွာလာသည်မို့ ထီးမယူလာတတ်တဲ့ သူ့ဖို့က​တော့ ​ပျော်ရွှင်​နေတဲ့ စိတ်​တောင် ​ပျောက်ကွယ် သွားခဲ့ရသည်
ဒီ​နေ့​တော့ မိုး​ရေ ကြီးထဲမှာ ပြန်ရအုန်းမှာပါလား မိုးကလည်း ရွာ​နေလိုက်တာ
တိတ်မဲ့ပုံ မ​ပေါ်တာ​ကြောင့် ​မိုးတိတ်​အောင် ​စောင့်ရရင် မိုးချုပ် သွားမည် ဟု စဥ်းစားမိ​တော့ မိုး​ရေထဲမှာ ​ပြေးလို့ လမ်း​လျှောက်ပြန်ခဲ့သည်

ကံ​ကောင်းသည်က အိမ်ကလည်း အနီးနားမှာ ဖြစ်တာ​ကြောင့်ရယ် လမ်း​လျှောက်တဲ့​နေရာ​တွေမှာ အချို့​နေရာ​တွေက အမိုး​လေး​တွေလုပ်​ပေးထား​သော​ကြောင့် သိပ်မစိုလိုက်​ပေ

အိမ်ပြန်​ရောက်​တော့ ညစ်ပတ်​နေတဲ့ သူ့ကိုယ်သူ ​ရေချိုးရအုန်းမယ်
ဒီ​နေ့​တော့ အီသန့်ကို အိမ်မှာမ​တွေ့ ​နောက်ကျမည် ထင်ပါရဲ့

နီခီလည်း မိုး​အေး​အေးနဲ့ TV ကြည့်​နေလိုက်သည်

အချိန်အားဖြင့်​တော့ ည ၉ နာရီရှိပြီ အီသန် ခုထိပြန်မလာ​သေးဘူး
မိုးက တ​ဖြေး​ဖြေး ပိုသည်းလာတာ​ကြောင့် အီသန့်ကို စိတ်ပူကာ ဖုန်းဆက်မိသည် ပထမတစ်ခါ ဆက်​တော့ မကိုင် ဒုတိယ တစ်ခါထပ်ဆက်တယ် မကိုင်
တတိယ တခါကျ​တော့ အိမ်​ရှေ့က ဘဲလ်တီးလာတာ​​ကြောင့် နီခီ အလိုလို
ထရပ်မိသည်

'Ting tong ting tong'

ဘဲလ်တီးသံကြား​တော့ အီသန်လို့​တွေးမိသည် ဒါ​ပေမဲ့ ဒါသူ့အိမ်​လေ ဘာလို့ ဘဲလ်တီးတာလဲ ဆိုပြီး ​ ထွက်ကြည့်လိုက်​တော့ အခန်းတံခါး​ဘေးနံရံကို မှီပြီး မျက်လုံးမှိတ်ထားတဲ့ အီသန် !

အယ်လ်ကို​ဟောလ်နံ့ တစ်​ထောင်း​ထောင်း နဲ့ အီသန့်​ကြောင့် မူးလာတာ ဆိုပြီး သိလိုက်သည်

𝐷𝑎𝑛𝑑𝑒𝑙𝑖𝑜𝑛𝑠 [𝐇𝐞𝐞𝐊𝐢]Completed ✔Where stories live. Discover now