~A few days after~
"ဆိုတော့ မင်းက ဂျပန် လူမျိုးပေါ့ "
"ဟုတ်တယ် အီသန်"
"ခက်တယ်နော် ဂျပန်စာက"
"အဲ့လိုလား "
"အင်း ငါ ကိုရီးယားမှာတုန်းက အီတလီ မသွားဘဲ ဂျပန်သွားမလို့ လုပ်သေးတယ် ဒါပေမဲ့ စာခက်လို့ "
ဘီယာ တစ်ဗူး ဖောက်သောက်ရင်း ပြောနေတဲ့ အီသန့်ကို ငေးကြည့်နေမိပါသည်
ဘီယာ သောက်နေတဲ့ အီသန်က အယ်ကိုဟောတွေလိုပဲ
သောက်တိုင်း သောက်တိုင်း ပိုပို နှစ်သက်လာသလို
အီသန်ကလည်း ကြည့်ရင်း ကြည့်ရင်း ပိုပို သဘောကျလာဖို့ကောင်းတယ်
အီသန်က သူ့အတွက်တော့ အကြိမ်ကြိမ်သောက်ချင်နေမိတဲ့ အယ်ကိုဟော တစ်ခွက်ဘဲLove at first sight လို့လဲ မပြောသေးဘူး
ဘာလို့ဆို သူ အီသန့်ကို မကြိုက်သေးဘူး
ဒီတိုင်း သဘောကျတာလို့ပဲ မှတ်ယူထားတုန်း
ဘာလို့ဆို မြင်မြင်အချစ်ဆိုတာကြီးက ရယ်စရာမကောင်းဘူးလား
သူ အယုံအကြည်လဲ မရှိဘူးဒါကြောင့် ဒီတိုင်းလေး ဒီတိုင်းလေးဘဲ
"ဘာတွေ ငေးနေတာလဲ နီခီ ကိုယ်ချောလို့လား "
"အင်း အီသန်က ချောလို့ "
ဆိုတော့ သူ့ကို အပြုံးလေး တစ်ပွင့်ပြုံးပြကာ ဘီယာ တစ်ငုံသောက်တယ်
အခုဆိုရင် သူတို့က ရေကူးကန်နားမှာ ရေကူးကန် နားက မီးရောင်တွေနားမှာ
ရုပ်ချောချော ကောင်လေး တစ်ယောက်က ဘီယာ သောက်နေတဲ့ ကောင်လေး နောက်ထပ် ကောင်လေးတစ်ယောက်က တမက်တမော ကြည့်ရှုနေတဲ့ မြင်ကွင်းလေးက ပြတိုက်တွေထဲက တန်ဖိုးကြီး ပန်းချီကားတွေ အတိုင်းအီသန့်ရဲ့ ဘီယာသောက်လိုက်တိုင်းမှာ လှုပ်စိလှုပ်စိ ဖြစ်နေတဲ့ Adam Apple ကို သူ့မျက်စိက အလည်ရောက်သွားတယ် စွဲမက်ဖို့ကောင်းတာ ထက်ကို ပိုပါတယ် အီသန်
ဒီတိုင်း သူတို့နှစ်ယောက်က သာမာန် အခန်းဖော်တွေ ပါပဲ
အခန်းဖော်တွေ ဘီယာ အတူတူသောက်တယ်
တွေ့တာ ရက်သတ္တပတ် မကြာသေးပေမဲ့ ရင်းနှီးသွားတယ်
အချိန်ကြာလာရင် ဒါတွေက အီတလီမှာ ဖြစ်ပျက်ခဲ့တဲ့ မန်မိုရီ တစ်ခု အနေနဲ့ပဲ ပြီးသွားမှာ