ဘာလိုလိုနဲ့သူကျွန်တော့ဘဝထဲကထွက်သွားခဲ့တာ၁၀နှစ်ရှိခဲ့ပြီသိပ်ချစ်ပါတယ်ဆိုတဲ့ချစ်သူကိုမှသေမင်းကလုယူသွားခဲ့တယ်ကျွန်တော်မကျေနပ်ဘူးဗျသေမင်းကဘဲအကောင်းကြိုက်လွန်းတာလား
သူမရှိတော့တဲ့အချိန်ကစပြီးအရက်ဆိုတာကိုစွဲစွဲမြဲမြဲသောက်လာဖြစ်တယ်
မူးသွားလို့အသိစိတ်မဲ့နေတဲ့အချိန်ဆိုကျွန်တော်သူ့ကိုမေ့နိုင်မယ်လေ
ကျွန်တော်ကခိုက်..... အရက်ကိုပဲစွဲစွဲမြဲမြဲသောက်တယ် မသောက်ရမနေနိုင်ဘူး ကျွန်တော့်ရည်းစားဆုံးပြီးကတည်းကအရက်ကိုစသောက်ခဲ့တာအခုထိဖြတ်မရဘူးဖြတ်ဖို့လည်းမကြိုးစားခဲ့ဘူး
ကျုပ်အတွက်အချစ်ကကုန်ဆုံးသွားပီ မရှိတော့ဘူးနောက်ထပ်အချစ်ကိုရှာဖွေဖို့လည်းမကြိုးစားတော့ဘူး ကျုပ်အတွက်ရှေ့ဆက်ရမဲ့အနာဂတ်ကလည်းမဲမှောင်နေပြီ
ကျွန်တော့်နာမည်ရောင်...တစ်ကောင်ကြွက် ကြုံရာအလုပ်လုပ်တယ်ဖြစ်သလိုနေဖြစ်သလိုစား
တဲ့လူတစ်ယောက်ဂရုစိုက်ပေးမဲ့သူလည်းမရှိဘူးလှည့်ကြည့်စရာမိသားစုလည်းမရှိဘူး တစ်ကိုယ်တည်းရပ်တည်းရပ်တည်လာခဲ့တာယနေ့ထိတိုင်ပဲအဲ......ကျွန်တော်ကအလောင်းကစားတော့မက်တယ် အလောင်းကစားကိုဘုရားသခင်လိုကိုးကွယ်လာတာ ယနေ့ထိပဲ
အခုလည်းအလုပ်ကကြေးလေးနည်းနည်းရတာနဲ့သွားပွားတော့တာပါပဲ အဟက်
အခုရောက်နေတာကတော့အလောင်းကစားရုံတစ်ခု တစ်မြို့လုံးမှာနာမည်အကြီးဆုံးရုံလည်းဖြစ်တယ်
"ကျစ်!ဒီနေ့မှလဘ်ပိတ်လိုက်တာ ပါလာသမျှပိုက်ဆံလည်းအကုန်ပြောင်ပြီ ချီးလိုဘဲ!"
"ဟေ့ဟျောင် ရောင် ဘယ်လိုလဲ!ရှုံးလှချည်လားကွ"
"နေစမ်းပါကွာ!အာလာမချောင်နဲ့ ဟေ့ဟျောင်ရန်ပိုင် ငါ့ကိုပိုက်ဆံနည်းနည်းလောက်လှည့်စမ်းပါ"
"အာ....ငါ့မှာဘယ်လိုလုပ်ရှိမှာလဲကွ!ငါရှုံးနေတာမင်းလည်းမြင်ရဲ့သားနဲ့"
"ဟင်းးးးး"
"သြော်...ဒါနဲ့ မင်းရှေ့ကကြေးစားတွေဆီကချေးကြည့်ပါ့လား" ဘေးနားကိုကပ်ကာလာပြောသောကောင်
"ဖြစ်ပါ့မလားကွ"
"အေးမင်းပြန်မဆပ်နိုင်ရင်တော့ဘဝဆုံးမှာဘဲဘယ်လိုလဲ!"
တစ်ချက်စဥ်းစားဟန်ပြုလိုက်ကာ
"ကောင်းပြီငါသွားချေးကြည့်မယ်"
"ဟာဟေ့ဟျောင်!"
တားချိန်တောင်မရလိုက်ရှေ့သို့ရောက်သွားသောသူငယ်ချင်းဖြစ်သူကြောင့်သက်ပြင်းရှည်တစ်ချက်ချလိုက်မိတယ်
YOU ARE READING
Give and Take🔞🔞🔞Complete
Short Story+++++ အခန်းတွေပါမှာမို့ ဖတ်ဖို့အဆင်မပြေတဲ့သူများပြန်လှည့်သွားကြပါ အသက်မပြည့်သေးတဲ့ကလေးတွေမဖတ်ကြဖို့မေတ္တာရပ်ခံပါတယါ